လွယ်လွယ်ရတဲ့ ၅၀၀တန် ၃ရွက်ကို သိမှုအတိုင်းအတာနဲ့ယှဉ်ပြီး မသုံးရက်လို့ သိမ်းထားခဲ့တာ
ယုတ္တိနည်းလမ်းတကျ မရေရာမှုဆိုတာက ရှိနေမှာချည်းပဲ။
ကြာပြီ…
၅၀၀ တန်ကြောင့် မဟုတ်ပဲ ၅၀၀ ပေါ်က စာသားအချို့ကြောင့်
ရှင်သန်နေတဲ့ အမှတ်အသားတွေ၊ အမှတ်သညာတွေ
လက်ခံ မရှိဘူးဆိုမှတော့ ဘာကျန်နိုင်ဦးမလဲ
၅၀၀ တန်ဟာ ၅၀၀ တန်ပေါ့၊ ကိုယ့်အဆုံးအဖြတ်နဲ့ကိုယ် ရင်ထဲမှာ မကောင်းဘူး၊
ပေးကာနီးမှာ လိုသလိုဆွဲထုတ်ပြီး ပြန်လည်နှိုင်းယှဉ်၊ တိုက်ဆိုင်စစ်ဆေးပြီး ဆုံးဖြတ်တာပဲ။ ထားရမှာပဲ။
အကြောင်းက သွေးသားရဲ့ တောင့်တချက်ကြောင့် လို့ ခေါင်းစဉ်တပ်လိုက်တယ်၊
လူတိုင်းအတွက် အရေးကြီးတာက သူ့အတွေ့အကြုံနဲ့ ကိုယ့်အတွေ့အကြုံ ကူးလူးဆက်ဆံ သွားလာကြည့်ဖို့ပဲ
သွားလေရော့. . . သံယောဇဉ် . . .
စိတ်ထဲမှာ ၊ ကိုယ်ထဲမှာ၊ အာရုံထဲမှာ အရင်းအမြစ်ထဲမှာ တော်တော်ကောင်းနေပြီ၊
လေဟာပြတင်းကို လှစ်ကြည့်တော့ သီးခြားအနေအထားအလိုက် ထောင်စုနှစ်တွေ လွန် ကုန် ပြီ
ဆွဲထားတဲ့ လည်ပတ်ကြိုးမှာ စိန်ပတ်လည် စီခြယ် . . . အပြုံးများစွာနဲ့ ဆက်ဆံရေး သတ္တဝါတွေ ဆိုတာလား
အတွေ့အကြုံဆိုတာက ဖော်မြူလာအသုံးပြုတည်ဆောက်လို့မှ မရတာမျိုးပဲ
အရောင်မပါတဲ့ တောင်ပူစာတွေဟာ (သတ္တု) မိုင်းတွင်းတွေလို ကုန်းပေါ်ပြန်ရောက်မလာတဲ့သူတွေလို
ခုံအလွှတ်မှာ လွတ်ထွက်သွားတဲ့ အသက်ကို ဘယ်သူကယ်မလဲ
ယေဘုယျအနေအထားကို ထုတ်လုပ်တဲ့လုပ်ငန်းရဲ့ လူတိုင်း အခြေအနေတိုင်း ဖြစ်ရပ်တိုင်း အမှန်တရားတိုင်း
ဆန္ဒ နဲ့ တကယ်ဖြစ်ပျက်နေတာတွေ အဆိုတွေ စေ့ဆော်မှုတွေ
လမ်းပေါ်က ဘေးထုတ်ခံ လေးဘီးတွေက ပြုံးပြုံးကြီး
ရုပ်လောကကို အခြေခံပြီး လူချေတွေတိတ် သူ/ငါ အိပ်ချိန်မှာ
Eurasian တွေ ဘောလုံးကန်နေကြတယ်
တစ်ဖက်မှာ အောင့်သက်သက်ဝေဒနာနဲ့ ထွက်ခွာရာပြ ဝိဘတ်တွေကို ထားခဲ့ပြီ
လူမှာဆန္ဒရှိဖို့ကို နားသွင်းဖို့ မသင့်တော့ဘူး
လက်ခံခြင်း၊ ငြင်းဆိုခြင်းထက် ခုန်ဆင်းလိုက်ဖို့ ဒီနေ့အထိ အဆုံးအဖြတ် လိုအပ်နေတယ်။
ဖြစ်စဉ်ထဲက ဖြစ်စဉ်တွေကို လင့်ခ်ချိတ်ပါ (စမ်းသပ်မှုအချို့ နဲ့ ဇီဝကမ္မဗေဒ)
အမြင်တွေကြားမှာ မဖြစ်နိုင်ဘူး
တံခါးကို ဘာသာစကားနဲ့ဖွင့်၊ အခုငါ မင်းကို ဒီစကားမတိုင်ခင် လျှောက်လွှာမှာ မြင်ခဲ့ပြီ မပြေးနဲ့ (ကန့်သတ်)
ကာလ၊ ဒေသ၊ ပယောဂ မျဉ်းတွေ ဖြတ်ပြေးနေသလို ရောင်စဉ်တွေကို ကာလာခွဲဖို့ Eagle ဆီ ပို့လိုက်
ဖုံးထားတဲ့ အပေါ်ယံလွှာဟာ အမြဲတစေ လိုအပ်မယ်လို့ မပြောနိုင်လည်း
မျက်နှာတွေအတွက်တော့ ပဋိခန္ဓာ
တချို့ ပုဂ္ဂိုလ်တွေရဲ့ ကိန်းဂဏန်းက ကိုး၊ အချို့တွေက ခြောက်
အဖြေကတော့ မလုံလောက်သေးဘူး
ဒိမတိုင်ခင်ထိ သူတို့ဘယ်သူ ဘယ်ဝါဆိုတာ ကျုပ်ကိုယ်တိုင်မသိသေးဘူး
စတာတွေရဲ့ မတူညီမှုကို လိုနေတာပဲ။
ဘာလျှိုထားတာ ရှိသလဲ? ဘာနဲ့လျှိုထားတာ ရှိသလဲ?
စိတ်ဓါတ်တစ်ခုနဲ့ စိတ်ဓါတ်တစ်ခုကြား အဲဒီကရသမျှအချက်ကို အဆုံးအဖြတ်လုပ်ဖို့
ဟော . . . သပ် သပ်ကို ဖယ်ထားတဲ့ ငါးရာတန် သုံးရွက်ရှိတာပေါ့
ကိုယ့်ဝန်းကျင်က အောင်မြင်မှုနည်းလမ်းအတိုင်း
မဟာဗျူဟာတွေ ဆက်စပ်ဆင်ခြင်မှုတွေ ယတိပြတ်စံတွေ ဖြည့်ကြည့်စရာတွေ
ဟိုက်ဒရိုဂျင်နှစ်ဆ ချည်းကပ်လေ့လာမှုတစ်ဆ နဲ့ ဖယောင်းတိုင်ထွန်းပွဲလေး
ရေခြားမြေခြား တစ်ဖက်ကမ်းပါး မှာကျင်းပဖို့
ကျွန်တော် ဘယ်သူ့ကိုမှ မလျှိုခဲ့ပါဘူး၊
နေ့စဉ်ဘဝထဲမှာ လက်တွေ့လုပ်ဆောင်မှုဆိုတာ အကုန်ယူရတာပဲ။
အဆုံးအဖြတ်လုပ်မယ့်လူ ရေဖြစ်တယ်ဆိုတဲ့
ကဗျာဆရာဟာ ရိုးသားမှုကို မြတ်နိုးပါသတဲ့။
လူတိုင်းမှာ အမြင်သစ် ဒါမှမဟုတ်ရင် လက်ခံမှုအသစ် ရှိဖို့လိုတယ်။
သိုးထိန်း (အန္တိမ)၊ လင်းရမ္မာ
ရည်ညွှန်း။ ။ ဖယောင်းတိုင်သုံး ထောင်စုနှစ် မီးထွန်းပွဲတော် [လင်းရမ္မာ]
0 Responses to “ဖယောင်းတိုင်သုံး ဦးနှောက် ထွန်းပွဲတော်”