အန္တရာယ်ရှိသော ဓာတုဗေဒနဲ့ ၀တ္ထု ပစ္စည်းများ
သမိုင်းဟာ ခက်ခဲတွေကြားထဲကနေ နောက်တစ်မနက် အရုဏ်တက်တယ်
ယင်း ဖြစ်စဉ်နှင့်အတူ အခြားအတွေးများ
အဖြစ်
စေ့စပ်လို့မရတာကိုလည်း မမေ့အပ်ဘူး
လက်ပွေ့ရောင်းတဲ့လူတွေလက်ထဲမှာ The Citizen သတင်းစာ
ရိုးရိုး မီးလောင်မှု သို့မဟုတ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
ရေကိုအသုံးပြု ငြှိမ်းသတ်လာရာက ပြင်းထန်စွာ ပေါက်ကွဲ
လူတွေကလည်း စုစုခဲခဲ၊ သတင်းကလည်း စည်စည်ကားကား
အသိ နဲ့ သတိ စမ်းသပ်နေဆဲချိန်မှာတော့ ဘ၀ဟာ ခယောင်းတော
ဒဏ်ရာရရှိမှုကား အထူး မဆိုသာတော့ပါ
အစိုင်အခဲ၊ အရည်နဲ့ အငွေ့ ဘာရမှန်းတော့ မသိဘူး
ပြောချင်တာက ခေတ်မှီပစ္စည်း (Oxidizer)
လူအဖွဲ့အစည်းတစ်ခုလုံး၊ ယဉ်ကျေးမှုတစ်ခုလုံး အထဲမှာ
အဲဒါလည်း ပါပုံရပါတယ်
စပ်ယှက်ခြင်းမှာ အရပ်ဘက်အဖွဲ့အစည်း၊
အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ အစိုးရအဖွဲ့အစည်းတွေ
အပြန်အလှန် / အတူတကွ / တစ်ပြိုင်နက် လိုသလား
ကိုယ့်ပြန်ရှုပ်လို့ ကိုယ်ရှုပ်တဲ့ဗရှိုးရဲ့ ဖား
ကဏန်းတွင်းထဲ ခုန်ဆင်းဝင်သွားတယ်
နေ့စွဲတပ်မထားတဲ့ ကူညီပံ့ပိုးရေးစီမံကိန်းတွေ
အချိန်နဲ့ ဇယားနဲ့ အသီးသီး အကောင်အထည် ဖော်နေကြတယ်
အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ကာမတဏှာ
အခြားတစ်ဖက်မှာ မတရားတာကိုလည်း
ညှိနှိုင်း ချိတ်ဆက်မှုကောင်းဖို့အတွက်
တရားသောအားဖြင့် ရေဖြင့်ပက်လိုက်သည့်အခိုက်
စလိုက် ပြီ ဆိုမှတော့ အဆုံးထိတော့ လိုက်ရမှာပေါ့
ရေဖွေးဖွေးသဲသောင်ပေါ်
မူလဟာ အဓိပ္ပါယ်လိုလို၊ အဓိပ္ပါယ်ဟာ မူလလိုလို တွေ
ရွာပြန်ပြီး ဖက်တွေကို တက္ခနော်လော်ဂျီနဲ့ ခူးတော့မယ့် မြို့ခံတစ်ယောက်
ဒါပေမယ့် လက်တွေ့မှာ ငွေကြေးနဲ့ နည်းပညာအခက်အခဲကြောင့်
The Destiny သတင်းစာက မျိုးချစ်စိတ်မရှိသူလို့ ဖော်ပြထားတယ်
ဘာသာစကားဟာ အမျိုးသားစီမံကိန်းနဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘာဂျာတံခါးဝမှာ
အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပခဲ့တယ်
တိုက်ရိုက်လုပ်ဆောင်ချက်တွေကို မမြင် မတွေ့ရသေးပေတဲ့
(နိုင်ငံတကာ) အသိုင်းနဲ့ အ၀ိုင်းရဲ့ ဆက်ဆံရေး ပိုကောင်းမွန်လာခြင်းဟာ
(နိုင်ငံအတွက်) အကျိုးရှိတာတွေပဲ
ဘယ်သူမဆိုဟာ အခြေအနေသုံးမျိုးနဲ့ ဇာတ်လမ်းတစ်ပုဒ်
ဒါပေမယ့် သေဆုံးသွားကြတဲ့အခါ ၀င်ကစွပ်အခွံတွေလို
ဘာပဲဖြစ်ဖြစ် “ဟင်..အဲလိုကြီးလား”လို့ ထပ် ရေရွတ်
လျှာရှည်ချင်ရင် “ဆားနဲ့ပါဘုရား” ပြောဖို့ဟာ
သူတို့ ကျန် / ချန် ရစ်ခဲ့တဲ့ ( ) တွေထဲ ၀င်ရောက်နေထိုင်ကြမှာမို့လား?
သိုးထိန်း (အန္တိမ)
ရွာပြန်ပြီးဖက်တွေကို တက္ခနော်လော်ဂျီနဲ့ ခူးတော့မယ့် မြို့ခံတစ်ယောက်