ပြောရမယ်ဆို အဲဒီလို ဖြစ်ဖြစ်နေတာ
ဖြင့်
ကြာမြင့်ဆွေးရိ လှပြီ၊
power ဟာ အရေအတွက်လား အရည်အသွေးလား
သူရောက်တဲ့ နေရာတိုင်းမှာ သူ့ကို ဆန္ဓပြ တဲ့သူရှိတယ်၊
သူ ဟာ
ဆက်သွယ်မှုဧရိယာပြင်ပက ဒေသခံ ပဟေဠိတစ်ခုလား
သူ့ ယဉ်ကျေးမှု ဟာ ရိဆွေးပြီးပေါက်သွားတယ်
ဒေသခံ တွေရဲ့ ဘာသာစကားဟာ
သက်တောင့်သက်သာ ဖြစ်မှု ကို ပြန်လည်မေးခွန်းထုတ်ရင်း
our-dentity ပျောက်ဆုံး ကုန်တယ်
အရေးပေါ် အသားကိုယ်စီ အသွေးကိုယ်စီနဲ့
သူရဲကောင်းတွေ လွှမ်းမိုးကြီးစိုးတဲ့ ခေတ်မှာ
မှ
ကြောက်ချီးအပါဆုံး ဆုတံဆိပ် အလီလီ
သူ ရခဲ့တာ၊ ပြန်ဖြင့် မပြောချင်တော့ဘူး
အဖန်တလဲလဲမြက်ခင်းအပေါ်က နေရောင်ခြည်နဲ့
မျက်နှာပေါ် ချွေးပေါက်တွေကြားထဲမှာ ကပ်ညှိနေတတ်တဲ့
တောတွင်းမသိစိတ်တွေ၊ အင်း . . ဖူးကို့ကြီး ပြောတယ်၊
စိတ် ဟာ ခန္ဓာရဲ့ အကျဉ်းထောင်
ပူနွေးတဲ့ကမ္ဘာကြီးနဲ့ ဆောင်းလမ်းကြားများနဲ့
ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတော်ကြီးနဲ့
ယဉ်ကျေးမှုမြင့်မားတဲ့ ဆောင်ကြာမြိုင် လမ်းကြားများနဲ့
ကိုယ့်လမ်းကိုယ် ကြိုးပမ်းပိတ်ဆို့မှုနဲ့ ပြတင်းပေါက်အပြင်
ပြန်ဖတ်ကြည့်ရမှာက အရေးအသား ကျွမ်းကျင်မှု
အကြားမှာ အဆက် နဲ့ အသွယ်
မိတဲ့ အတွေး နဲ့ လွတ်တဲ့ အတွေး နဲ့
လွှတ် တဲ့ အရေး နဲ့ ခက်တဲ့ အသား
အရေးအသားဟာ စိတ်ကူးဖြန့်ကျက်မှုရဲ့ နောက်ဆက်တွဲဂယက်
တွေးခေါ်မှုကို အရေးအသားအတွင်းကနေ
တစ်ရှုးတွေ တစ်လွှာပြီး တစ်လွှာ ထုတ်လိုက်သလို
အသွေးအသားဟာ လက်ရှိဈေးကွက်အတွင်း ခေတ်ပြိုင်အာရုံခံစားမှု
နူးညံ့ မွှေးပျံတဲ့ လည်တိုင်ကလေးကို အနောက်ကနေ လှမ်းကိုက်လိုက်တဲ့အချိန်မှာ
အနုပညာဟာ အရေပြားတွေ၊ သွေးကြော နံရံတွေကို ဖောက်ပြီး
စာသားတွေအထဲ စီးဝင်သွားတယ်၊ ငါ ကိုယ့်ငါ ပြန်လုပ်ယူ လို့ မရတော့ဘူး၊
ခေတ်ပြိုင် ပင်မ ခံစားမှု၊
မသိစိတ်ထဲက အရေးအသားတွေဟာ
စာသားတွေဟာ ကြည်လင်ငြိမ်သက်နေတဲ့ သံသယနဲ့ ဘာသာစကားအပေါ်
တစိမ့်စိမ့်ထွက်နေတဲ့အရောင်တွေ၊ မဖြစ်နိုင်ဘူး ဆိုတာ ကိုးခါ လောက် ပေါ့၊
လက်လွတ်စပယ် ဝတ်မှုံကူးမှုတွေ
အရေးအသားအရ မတွေ့မခံစားဖူးတဲ့ ယဉ်ကျေးမှုဟာ
တခြားအရာတွေနဲ့ ဆက်သွယ်ရန် လက်ညှိုးပေါင်း တစ်ထောင်လား
အမှုန်အမွှားများရဲ့သဒ္ဒါကို မှန်ကန်စွာဘာသာပြန်ဖို့
ရှုထောင့်ပြောင်းခြင်းနဲ့ စပ်ဆက်ဝန်းကျင်ရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့
နှလုံးသား နဲ့ ဦးနှောက်အတွင်းပိုင်းထဲမှာ
တွဲချိတ်မှု၊ လိုင်းဖွဲ့မှု၊ လည်ပတ်ဆောင်ရွက်မှု၊အပြုစုခံ၊ အပြဌာန်းခံ တည်ဆောက်မှု၊
နည်းစနစ်အမျိုးမျိုးနဲ့ သင်္ကေတတွေ၊ ကွင်းဆက်တွေ
အကြောင်းအရာထက် အတန်းလိုက်ရွေ့လျားနေတဲ့ ရိပ်ခနဲတွေ
အချင်းချင်းကို ဘယ်လိုဆွဲဆန့်ချိတ်ဆက်ယူသလဲ
လူ့စိတ်ဟာ မှန်တစ်ချပ်လိုပဲ
ပြောင်းလဲနေတဲ့ လူမှုအလေ့အကျင့်တွေဟာ ပြဒါး
အစားထိုး ကုသလိုက်တဲ့ ၁၉ ရာစု ဖီလင် ဒဏ်ရာအတွက်
ပိတ်
ပိတ်
ဝန်းကျင် အဆက်အစပ်ကို တည်ဆောက်ပြရတဲ့သဘော
ဘာသာစကားဆွံ့အ နေတဲ့ လမ်းတွေဟာ
မှန်ရဲ့ အလင်းပြန်မှုထဲမှာ တန်းစီပြီး လွန်ခဲ့တဲ့
တစ္စေ၊ သရဲ တွေရဲ့ အရိပ်တွေလိုမျိုး
အမည်းရောင် အမည်းရောင် တွေ ဖြည်းဖြည်းလေးလေး
လမ်းလျှောက်နေကြတာနဲ့၊
နှင်းရဲ့ အရည်တွေဟာ နောက်ထပ် ထပ် ဖြစ်လာနိုင်စရာ မရှိတော့တဲ့
အရေးအသားရဲ့ သဘောကိုယ်ထဲမှာ
အမှုန်တွေရဲ့ အဓိပ္ပါယ်ဆိုတာကို ပြန်လည် တည်ဆောက်ပြဖို့ဆိုတာ
ပြောတော့သာ လွယ်တာ၊
သိုးနီညို
မင်္ဂလာပါ…
သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ….
Myanmar Online Music: MyanmarOnlineMusic.Com
အားလုံးကိုဖိတ်ခေါ်ပါတယ်..
ကျေးဇူးပါ…
ညီနီသိုး
thwar, lu soe!