10
Dec
09

nameless

ကိုယ်ကရှောင်ပေမယ့်လည်း ဖြစ်သလို လာခဲ့တယ်
တကယ်အစစ်အမှန် သောက်ဖို့ ကဗျာဆရာ
အဲဒီလို အရက်အတူ သောက်ဖို့ ဆိုခြင်းဟာ ပြောတဲ့ ပါးစပ်ပေါ်မှာ
ကံဇာတ်ဆရာက ဇာတ်ညွှန်းရေးပြီးသားဖြစ်နေတော့
ပတ်ဝက်လောက်ကျန်တာကို ပြေးတမ်း လိုက်တမ်း လိုက်ရှာနေတာ
ပေါ်လိုက် ပြယ်လိုက် အခုမှပဲတွေ့တော့တယ်
နုံချာတုံးအခြင်း ခံထားရတဲ့ ပေါက်တူးကို
အဘွားကြီး စိတ်မပါတော့လို့လွှင့်ပစ်လိုက်တာ ကြားထဲ တိုးလို့ ကြားထဲ လျှိုးလို့
မြစ်လယ်ရောက်အောင်မပစ်နိုင်သေးတော့လည်း လှုပ်ရွ လှုပ်ရွ ထလာ ပြန်တယ်
တကယ်ပေါက်ရင် တကယ်သောက်ရတာပေါ့
အချင်းချင်း စုပ်ယူနေကြ စီးဝင်သွားကြတယ်
ကျွန်တော့်ကိုလည်း မသိရင်တော်ပြီ တွဲဗို့(12V) လား ဖိုက်ဗို့(5V) လား တစ်ကွက်လောက်ပေးပါဦး
အချင်းများတွန်းကန်နေကြတာကလည်း မတတ်နိုင် လက်မှိုင်ချပြီး ခွက်ကိုင်ကာ ရိုက်မခွဲပါဘူး
တုန်လှုပ်ဖွယ်တွန်းကန်နေတယ် ဆိုပြီး မျက်စိစုံမှိတ် စိမ့်ယိုမော့ရချေတော့မည်
ကျွန်တော်တို့ ဖြစ်ကြောင်း အောင်ပြီ အောင်ပြီလို့ သူတို့တွေမဟစ်နိုင်သေးဘူး

admission
i just cut and pasted a few emails from kyatthon and a poem by lynn rammar that i received this morning.
i still dunno how to type zawgyi. all i did is copy and rearrange their words in MS Word.

three email msgs from kyatthon:

အဲဒီလိုဘိုးတော်နဲ့အရက်အတူ သောက်ဖို့(တကယ်အစစ်အမှန် သောက်ဖို့ )လိုက်ရှာနေတာ အခုမှပဲတွေ့တော့တယ် 😛
ကျွန်တော့်ကိုလည်းတစ်ကွက်လောက်ပေးပါဦး တကယ်ပေါက်ရင် တကယ်သောက်ရတာပေါ့ ဟားဟား

ကိုယ်ကရှောင်ပေမယ့်လည်း ကံဇာတ်ဆရာက ဇာတ်ညွှန်းရေးပြီးသားဖြစ်နေတော့လည်း မတတ်နိုင် လက်မှိုင်ချပြီး ခွက်ကိုင်ကာမော့ရချေတော့မည် (အဘွားကြီးမသိရင်တော်ပြီ) အဟီး

ရိုက်မခွဲပါဘူး ပတ်ဝက်လောက်ကျန်တာကိုစိတ်မပါတော့လို့လွှင့်ပစ်လိုက်တာ
ပေါက်တူးကို မျက်စိစုံမှိတ်ပြီး မြစ်လယ်ရောက်အောင်မပစ်နိုင်သေးတော့လည်း အောင်ပြီ အောင်ပြီလို့ မဟစ်နိုင်သေးဘူးမောင်ရေ 😛

Lynn Rammar’s poem

ဆိုးဆေး မကင်းတဲ့ မက်ခ်ရှိခ် ဖြစ်ကြောင်း ရောသိပါဟု- အသိပေးခြင်း

ကျွန်တော် ဧရာဝတီက လာခဲ့တယ် ဖြစ်သလို
မန္တလေးက လာခဲ့ရ ပြန်တယ် ပြီးတော့
ကဗျာဆရာ ဖြစ်သလို ကဗျာဆရာ လည်း ဖြစ်တယ်
ဆိုခြင်း ဟာ ပြောတဲ့ ပါးစပ်ပေါ်မှာ ပေါ်လိုက် ပြယ်လိုက်
ပြေးတမ်း လိုက်တမ်း ကစားတဲ့ စကားတွေဟာ ထပ်ချည်း
စားနေကြတဲ့ ပတ်ဝန်းကျင် အထာတွေက ခေါင်းစား
နုံချာတုံးအခြင်း ခံထားရတဲ့ ခေါင်းငုံ့ဖြတ်လျှောက်
ကြားထဲ တိုးလို့ ကြားထဲ လျှိုးလို့ ကြားလိုက် ပျောက်လိုက်
အမျိုးမျိုးတွေကြားထဲက အမျိုးအစားတူ အမျိုးတစ်ယောက်ကို တွေ့
ရှိတော့ ပြန်ပြောဖို့ ပါးစပ်တွေက လှုပ်ရွ လှုပ်ရွ ထလာ ပြန်တယ် ပြောတယ်
ဖြစ်တယ် ဆိုခြင်းကို အဖြစ်မှတ်ဖို့ အဖြည့်ခံထားရတဲ့ သူလို ကိုယ်လိုတွေ
အထဲကို တွဲဗို့(12V) လား ဖိုက်ဗို့(5V) လား စီးဝင်သွားကြတယ်
အချင်းများတွန်းကန်နေကြတာကလည်း အချင်းချင်း စုပ်ယူနေကြ
ဘာကြောင့် ဘာဖြစ်တယ်ဆိုတာ ဘာမှသိဖို့မလိုဘူး
ဆိုပြီးပေါက်တဲ့ ခဲတွေတွေ အရူးတစ်ယောက် စုစုထားတတ်လေရဲ့
ဖိအားတွေကို သွေးခုန်နှုန်းက တုန်လှုပ်ဖွယ် တွန်းကန်နေတယ်
ထိုင်တယ် အခုပဲ ရန်ကုန်ဖြစ်နေပါပြီ ကျွန်တော်
နေရပ်ဖြစ်ရွေ့ လျားနေပါသည်
စိမ့်ယိုနေပါသည်
ကျွန်တော်တို့ ဖြစ်ကြောင်း ကျွန်တော်မဟုတ်သည့်
သူတို့တွေရော သိခဲ့ရပါသည်။ ။


4 Responses to “nameless”


  1. December 10, 2009 at 5:47 PM

    ကဗျာကို ခံစားသွားပါတယ်

  2. December 11, 2009 at 1:35 PM

    ကဗျာလေးက မိုက်တယ် ဂလု……


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: