28
Dec
09

find another one

ပြောင်းသုံးလိုက်

စာကလေးတစ်စောင်ရောက်ဖို့
အတ္တအစွန်းထွက်တွေမပါတဲ့ အချိန်နည်းနည်းနဲ့ 
အရည်မရ အဖတ်မရ ထွင်လုံးသက်သက်တွေ
သံသရာလည်သလို
ဘာတွေမှားသလဲ မှန်သလဲဆိုတာ
လူကြိုက်များသလောက် သုံးစားမရဘူး
မြေခွေးတစ်ကောင်ကို
ဖြောင့်ဖြောင့်တန်းတန်း မေ့အောင်ကြိုးစားနေကြောင်းခုတုံးလုပ်ပြီး
ဖျက်ဆီးနိုင်ခြင်းရယ်မောသံများနှင့်အတူ
အဆင်မပြေတာနဲ့  အပျင်းဖြေနေ…
တစ်ယောက်တည်းဆက်မဖြစ်ဖို့ကလည်း မတန်သလို
လူတိုင်းလူတိုင်းကို လူလိုတိုင်းဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး
စိတ်ကအလေးအနက်ကြီးနဲ့
(ကိုယ်မုန်းတဲ့ / ကိုယ်သဘောကျတဲ့)
တသားတည်းတသံတည်းထွက် နှစ်ကိုယ်ခွဲဗလာမှာ
သွေးထွက်သံယိုကျည်တောက်စွပ်ခြင်း
ကိုယ်ဝါသနာမပါတဲ့ တိမ်းညွှတ်မှုတွေနောက်ကွယ်မှာ
ဆန္ဒရှိသူရဲ့ နတ်မလိုက်နိုင်သော “သတိရနေတယ်” က
နောင်တရမှုတွေဆီ မီးမှုတ်ငြိမ်းသတ် ချောင်းမြောင်းပစ်ခတ်လုပ်ကြံမှာလား?
ထားလိုက်ပါ…
မဖြေသိမ့် နိုင်သေးသရွေ့တော့ နည်းနည်းလေး နာမ်စားပြောင်းပြောကြည့်မယ်
အဆုံးကိုမျှော်မျှော်ပြီးဝေးပြရန်
သဘောတူညီမှုရရှိပြီးသား Space တစ်ချက်ခြားထားလိုက်
ဆိုလိုတာက…
နည်းနည်းကြေကွဲရတယ်လို့ မရှိတော့ဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
All words were taken and rearranged from the following poems.

Lynn Rammar’s
ထား သို နည်း များ နဲ့ လုံ လို လောက် လောက်
တသားတည်းက တသံတည်းထွက် တာထက် လွန်တာပေါ့

Minn Yoon Thit’s
မေလ၏အတောင်ပံများဆီမှ ဆည်းပူးလေ့လာခြင်းဖြစ်သည်။

ZarTi’s
နှစ်ကိုယ်ခွဲ ကဗျာ


8 Responses to “find another one”


  1. 1 သူမ
    December 28, 2009 at 10:00 PM

    ဒါဆို ရောသမမွှေ(ကဗျာ)ပေါ့ …

  2. 3 dirtydoughnut
    December 29, 2009 at 6:21 AM

    i really like it:)

  3. December 29, 2009 at 1:46 PM

    ဘာဂလိုတိုတိုပဲ..
    (အိမ်သစ်တက်ပွဲ ဘာကျွေးမှာလဲ.. စီပုံးထည့်ပေးပါ.. အော် ပီးတော့.. ဂျာကစ်မစူးဘီး)

  4. December 29, 2009 at 2:21 PM

    c pone add yin bwet hta kone mhar pot bya.

  5. December 29, 2009 at 10:01 PM

    trip hop 1 myo pal .. 😉


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: