09
Jan
10

ကိုရွှေထူး

သူမှာစီးတာ…

အထူးသင်္ဘော

အထူးလေယာဉ်

အထူးမီးရထား

အထူးမော်တော်ကား

သူအနားယူတဲ့ အထူးဟော်တယ်

သူနေတဲ့ အထူးအိမ်

သူစားတဲ့ အထူးအစားအစာ

သူအချိုတည်းတဲ့ အထူးရေခဲမုန့်

လည်ပင်းမှာ ထူးတံဆိပ်တွေဆွဲထားတဲ့

သူ့အိမ်မွေး အထူးခွေးကလေးများ

ညညဆို ထူးခတ်သိပ်မှ အိပ်ယာဝင်တယ်

သူ့နားမှာ ဝိုင်းဝိုင်းလည်နေတာ သူ့အထူးတပည့်များ

သူယူထားတာတောင် အထူးမယားဆိုမလား

အထူးဇယားတွေလည်း ကြိုကြားကြိုကြား ကြားမိသလိုလို

အင်း…

သူ့ခလေးတွေ ထူးခြားပုံများကျတော့

လေယာဉ်ပျံနဲ့ မီးရထား မခွဲခြားတတ်ဖူးဆိုပဲ

မေးပြော ခေါ်ထူး သူကိုင်ထားတဲ့ အထူးဟမ်းဖုန်း

ခလုပ် တစ်လုံးမှမပါဘူး

သူ့ကို ဆက်သွယ်ရမယ့်အထူးနံပါတ်

ခင်ဗျားခေါ်တိုင်း သူထူးချင်မှ ထူးမယ်

သူခေါ်ရင်တော့ ခင်ဗျား ထူးလာရပြီသာမှတ်

သူ့ခရီးတိုင်းဟာ အထူးခရီးစဉ်

သူလေချဉ်တက်ရင်တောင် အထူးမွှေးဆိုလား

သူ့ခေတ်နဲ့သူဆိုတော့ကာ

သူလေလည်တာလည်း အထူးသတင်းပဲ

တစ်သက်တစ်ကိုယ် သူထူးပုံကတော့

သူ့နာမည်ကတောင်

ဝ နှစ်လုံးပူးကို နှစ်ချောင်းကလေးငင်ကာ ဝစ္စနှစ်လုံးပေါက်ပြီး ထူး ထားတာတဲ့။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဇန်နဝါရီ ၉ရက်၊ ညနေ ၅းဝ၅


8 Responses to “ကိုရွှေထူး”


  1. 1 dirtydoughnut
    January 9, 2010 at 5:38 PM

    a lon htue tat ko shwe htue pop naw?////????
    gi gi gi,,kiw kiw kiw ^=^

    ps.dnt envy him hey lu,,,!!!!!

  2. 3 dirtydoughnut
    January 9, 2010 at 5:51 PM

    aye,,,phoon thar htoo chin lae ko mane ma ko pae ko phoon,,,,wa ha ha

  3. 5 သူမ
    January 9, 2010 at 6:35 PM

    သဘောကျတယ်။
    တော်တော်လေးထူးတဲ့ ဖိုးရွှေထူး။

  4. January 10, 2010 at 6:13 AM

    ထူးကြီးကထူးမခြားနားလေး..အထူးတရားတွေကြားသွားပါတယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: