09
Jan
10

တစ်ခါလာလည်းမဲပြာပုဆိုးအထူးတန်း ပွဲကြည့်စဉ်ရှေ့ကိုလျှောက်ပါလို့

ပွဲစဉ်အစကတည်းက(ကိုးရိုးကား) ယားထားတဲ့ ဇယားတွေ နဲ့ ရှုပ်ထွေးနေခဲ့သော ကာလ
အသင်းကြီးတွေ ပါဝင်လာခြင်းက
မီဒီယာတို့ထက် သာမာန်လုပ်သားပြည်သူတို့၏ စိတ်ဝင်စားမှုကို
မြင့်သထက်မြင့်တက်လာစေတယ် (သတင်းစင်)သို့နှင့် . . .
ညီမလေး မမမြင့် အမြင့်ကို (အမြုပ်တစီစီ) တက်လာရင်
ရိုက်ချမယ့်ကောင်တွေက တုတ်တဆွဲဓါးတကဲကဲ တလွဲကြီးတွေ လွှဲလို့
(တောင်တလွဲ မြောက်တလွဲ)
နိုင်ငံရဲ့ တန်ဖိုးအရှိဆုံး Cup (ခွက်) တစ်လုံးအတွက်
ကမ္ဘာရဲ့တန်ဖိုးအရှိဆုံး Cup (ခွက်) တစ်လုံးအတွက် ပြင်ရန်၊ ဆင်ရန်အတွက်
ခွက်(Cup) တွေလည်း အလဲလဲ အကွဲကွဲ နှင့်မထင်မှတ်ပဲ
ခွက်ခွက်လန် ဝက်ဝက်ကွဲ လက်မှတ်တွေအများကြီး
ရောင်းချလိုက်ရရာ ပြိုင်ဘက်တွေအနေနဲ့လည်း မနေသာတော့ဖြင့်
(နေမသာတော့သဖြင့်) အလွမ်းသီချင်းများကို အသင်းကိုယ်စားပြုသီချင်းအစား
သီဆိုရန်ဆုံးဖြတ်လိုက်ကြသော်၊
မျှော်တော်တော်ယောင် အရောင်စုံ အမျိုးစုံ ဆိုက်စုံ အကြိုက်စုံ
နှိုက်ယုံ၊ မြည်းယုံ၊ အားပေးရုံ A B C မီးစဉ်ကြည့်ကဘာရွံလို့ဘာရွန်ဘာလို့ရွံ
ဘုန်းကညာတစ်ပါး ပြဲရာက ပျော့ (ပျော့)လာတော့
မရဲတရဲ အကဲစမ်း သလိုနဲ့ ဖြဲ…
နာမည်ဆိုတာ စာလိုနာမည် စကားလို နာ/နံမယ်
မီဒီယာ လောကမှာ ဟိုးဟိုးကျော်သွားတာက ပုပ်သွားတဲ့လက်တစ်ဖက်(ဟင်နရီ)
ရုန်း/ ရုံး ထွက် ရုန်းရင်းဆံ/ ဆန်ခတ် လက်ရုံးတစ်ဖက်ပြုတ်ထွက်သွားပါတယ်၊ စားပါတယ်
(လွန်ခဲ့သော နှစ်တွေက) ဂန္တ၀င်တွေမှ (အသင်းလိုက်) ရမ်သမ် မိ မမိ
အငြင်းအခုန် အတွက် လွယ်လင့် တကူ လက်သင့် မခံမှုကြောင့် ဟန်ဆောင်
ပန်ဆောင်ပင် အ၀တ်လဲခန်းတို့တွင် အ၀တ်လဲနေကြရာ၊
အမှတ်များ အရနည်းလာမှု၊
လာဘ်စား လုပ်ပွဲများ များပြားလာမှု၊ `
ကြွေးမြီ များ များပြားလာမှုတို့ကြောင့်၊
အထနှေးမှုကိုအခွင့်ကောင်းယူသွားနိုင်ပါတယ် အဆိုကို
ပီကေလို တဝါးဝါးတဟားဟား စုပ်ယူမြိုချ ထွေးထုတ် ချွေး…သုတ်…ထွက်စေသူ
ဖာ(ဂူဆန်)က ငြင်းကြောင်း ဖော်ပြပါရှိ
ဘယ်လိုမန် ဘယ်လိုယူ မန်ယူ
ဘယ်လိုချယ် ဘယ်လိုဆီးတဲ့ ချယ်ဆီး
ဘယ်လိုအာ ဘယ်လိုဆင် ဘယ်လိုနယ်တဲ့ အာဆင်နယ်
ဘယ်လိုလစ် ဘယ်လိုပါ ဘယ်လိုပူးမလဲ လစ်ပါပူး
သန်မာထွားကျိုင်းနေရန် အတွက် အသက်ကြီးကြီး ကစားသမားများအား အနားပေးရန်
လိုအပ်သလို၊ မစ္စတာ တို့ အနေနှင့်လည်း
လူအိုလူနာ ဂစ် ၏ တစ်ကြော့ပြန် အားကောင်း မောင်းသန်ဆုရ မှုများကို မေ့ထားရန်လိုကြောင်း၊
ခက်နေသည်မှာ နောက်ပြန်ကစ်လိုက်သော ဘောလုံးသည် သူ၏ မူလသွင်ပြင်
အဖြစ်မှ သည် စကား ဖြစ်သွားသော် လုံး မလုံး မသေချာပြန်သောကြောင့်
သည်အတိုင်း ထားလိုက်ပြန်ရာ ရုပ်သံ တို့ အနေနှင့်လည်း ဘာကို ဗဟိုပြု၍
ပဓာနရိုက်ပြရမည်ကိုအထပ်ထပ် တွေးခေါ်နေကြောင်း
ယခုတလောအဝိဇ္ဇာ နှင်းများသည်းထန်စွာကျခြင်းကြောင့်
လုပ်ပွဲများ မလုပ်သေးပဲ အကန့်သတ်မရှိရွှေ့လိုက်ပါကြောင်း
သူတို့တောင်းထားတဲ့ အမျိုးအစားတူ ခွက်(Cup) ဘယ်သူစွဲမယ်ဆိုတာ ကြိုတင်သိနှင့်ပြီးသား
ခန့်မှန်းချက်သတင်းများ သောက်သောက်လဲ ကွဲကုန်ကြကြောင်း တိတ်တဆိတ် ရပ်ကွက်မှသိခဲ့ရ
မထင်မှတ်ပဲ (ထင်မှတ်ထားတဲ့အတိုင်း) ဖြစ်သွားနိုင်တာကြောင့်
ပြိုင်ဘက်တွေ အနေနှင့် ကြိုတင်လက်လျှော့ပါရန်
သတိ(အသိ) က(ဂ)တိ (အဂတိ) ပေး၍
ဗိုလ်စွဲသွားသည့် အသင်းအား(ဗိုလ်(က)ထပ် ဆွဲ ရန်) ထပ်လွတ်ပေးရန်
သတင်းအား ကြားသည်နှင့် ထ ထွက်ပြေးခဲ့ရာ
မောဟိုက်စုတ်ပြတ်နေကြောင်း တွေ့ရှိရ
အရုပ်ဆိုးသလောက် အရိုးစုပ်တော်တီးတီးတော်တော့
ခွေးစားဖို့  မှမချန် (cup) ခွက်ပက်လက်ကျန် အလံမလှဲ
နှစ်တိုင်း ဗိုလ်စွဲပြီးရင်းစွဲမည်မှာ ထင်မှတ်ထားတဲ့အတိုင်း
အနောက်အရပ်၌ နေဝင်သလို တွေ့ရှိတင်ပြလိုက်ရပါသည်။ ။

လင်း(ရမ္မာ+နီညို) + သိုးထိန်း

သုံးယောက်ကဗျာအတူတူအွန်လိုင်းမှာရေးပါတယ်။
သုံးယောက်ပေါင်း e-လောင်း ကျော်တယ်ပေါ့၊


4 Responses to “တစ်ခါလာလည်းမဲပြာပုဆိုးအထူးတန်း ပွဲကြည့်စဉ်ရှေ့ကိုလျှောက်ပါလို့”


  1. 1 သူမ
    January 11, 2010 at 7:36 AM

    နှင်းကြောင့်… ပွဲစဉ်တွေ မျှော် …

  2. January 11, 2010 at 7:58 AM

    lar mae kyar mae
    lar chin mah lel lar mae
    ma lar chin lel ma lar woo

  3. January 12, 2010 at 12:45 PM

    အထူးတန်းကနေ လာကြည့်သွားတယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: