10
Jan
10

မိုးနဲ့အတူ…

နိုဝင်ဘာနဲ့ ဒီဇင်ဘာရဲ့ နယ်ခြားမျဉ်းအနား ၄ည ၅ရက် အရှေ့မြောက်ဖက်

အေးစက်စက်ဧရိယာကြီးထဲ နွေး ထွေး ပျော် ဝင် ရင်ခွင်ချင်းအလင်းကူးယူပုံ

လွမ်းစေတီမှစ၍ လွမ်းစေသည့် ဇီဝိန်ချုပ်သော်လည်း ဇီဝမချုပ်သော

အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက သမီးတော်ခုနှစ်ဖော်လည်းမရ

ရေကစားဖို့တောင် မေ့လျော့စေတဲ့ ပင့်ကူလည်းရှာမတွေ့

ဂူအတွင်းဆင်းတုတော် (ဂဝ၄၉) ရွာလေးရွာတံခါးဝအနား မြူတွေတံတားထိုးထားပုံက

အိပ်မက်ထဲတိုးဝင်သွားရသလို လှေကားငါးဖက်နဲ့

acrobat ကြောင်တွေရှိတဲ့အရပ်မှာ ကျွန်းဆိုတော့ ခြမတက်ဘူး

သီရိဓမ္မာသောကမှစလျက် လေးမျိုးလေးဖက် ပုဂံမင်းအဆက်ဆက်

တည်ထားကိုးကွယ်ယုံကြည်မှုအနုလက်ရာ ငါးတင်းဝင်ပုတ်ပမာ

အလောင်းစည်သူရဲ့ တစ်ဆူချန် ဒက္ခိဏသာခါနဲ့သရက္ခန် ပေါင်းစပ်ရုပ်ပွားတော်များ

တစ်မူးရလို့ တစ်ပဲလှူတို့ရှမ်း တောင်သူ ကွမ်းညှပ် တဖျတ်ဖျတ် စေတီတော်များ

အေးလည်းအေး၊ သာလည်းသာယာတဲ့ တောင်ခြေစခန်းထဲ အပန်းဖြေထွက်လာမယ့် နေရောင်ကို စောင့်ကြ

ကောင်းကင်ကို မီး တင်တင်ရှို့လေ့ရှိတဲ့မြို့ရဲ့ ရင်ဘတ်ထဲလည်း ထိုးဆွတူးဖေါ်ခဲ့ကြ

ထင်းရှူးပင်များကြားက မြင်းတစ်ကောင် ခုန်ထွက်သွားတဲ့အရပ်နဲ့

ပထမအင်းဝခေတ်ကတည်းက နှီးနဲ့ယက်တဲ့ ဘုရားတစ်ဆူအပြီး

အပြန်ခရီးက တဖြည်းဖြည်းနဲ့ ပူလာတယ်။ ။



သိုးထိန်း

၂ဝ၁ဝ ဇန်နဝါရီ ၁၀ရက်၊ မနက် ၇း၂၄

ကိုယ်ရေးကိုယ်တာ တစ်ပုဒ်လို့ပဲ ဆိုကြပါစို့။


9 Responses to “မိုးနဲ့အတူ…”


  1. 1 dirtydoughnut
    January 10, 2010 at 5:57 PM

    chit thaw moe nge lay nat a tu so par tot,,,kwi kwi^=^

    i love the way u mentioned abt the beauty of shan states with pagodas that we had been together.

    ~~~phemomenal~~~

  2. 4 မှူးဒါရီ
    January 10, 2010 at 10:52 PM

    မျက်စိရွာလည်ပြီးရောက်လာသည်။ ကဗျာလေး ကောင်းလှသည်။း)

  3. 6 သူမ
    January 11, 2010 at 7:50 AM

    နိုဝင်ဘာနဲ့ဒီဇင်ဘာ အကူးမှာ မိုးရွာသွားသကိုးးးးး 🙂

  4. 8 သူမ
    January 11, 2010 at 8:12 AM

    Oh … I love that song (let me share…)


    …..
    Do you need some time…on your own
    Do you need some time…all alone
    Everybody needs some time…on their own
    Don’t you know you need some time…all alone
    …..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: