26
Jan
10

မျိုးရိုးဗီဇ

သဘာဝ ဓမ္မတာဆိုတာ ခက်ဘိခြင်း

ဘိုးဘေးအစဉ်အဆက်

အဖေကလည်း လူလည်

သားကလည်း လူလည်

နောက်ဆုံးကျတော့

ဘယ်သူ ထောင်တက်/နိမ့်ဆင်း မယ်

ကရော်…ကမည်…

မပြောနိုင်သေး

လှည့် လည် သုံး ဖြုန်းသောအာဝါသကို ခိုလှုံခြင်းအားဖြင့်

အလကားရသကဲ့သို့

ပြောင်သလို…ချော်သလို…

ဖာဖာ ထေးထေး မျက်စိမှိတ်သောအခါတွင်

မျက်နှာလွှဲခဲပစ် အလွန်ထူသော အလွန်အသော

လူတော်လူတတ်ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည်အစာမကြေသော

လူကုံထံသားအချင်းချင်းလည်း

အတော်အတန် မိန်းမများမခံမရပ်နိုင်အောင်

ပြိုင်ဖက်အနေဖြင့် ဝတ်ချင် စားချင် လှချင် ပချင်

လှေနံနှစ်ဖက်နင်းသောအနေမျိုး

ခေတ်ဆန်ဘိုဆန် မိန်းကလေးနေကြသဖြင့်

ပုံသေကားကျ မိချင်သောငါးမိစေ

အခွင့်သာတဲ့အခိုက် လှော်ခတ်နိုင်မှ ပိုက်ကွန်ချရကျိုးနပ်တော့သည်

တပူးတွဲတွဲရှူးဝါးတစ်များ ချော်သည့်အခါ

ဖြစ်ကျန်ရစ်သည့် မဂ္ဂဇင်းမျက်နှာဖုံးအမျိုးအစား

သူလိုလို ငါလိုလို ယီးတီးယားတား

ဤမျှလောက်မက မျှော်လင့်သော ပိုးဖလံများအနက်တွင်

အာဟာရဖြင့်ကျန်းမာနည်း ကျန်ကောင်းမှကျန်ပေမည်

ထွေရာလေးပါး အဟောင်းစား…

ဇိမ်သမား လူရေးအလကားသာသွားချင်လို့

ပြိုင်ပွဲပြုလုပ်ရန်ပြင်ဆင်ထားသည့် အုတ်တံတိုင်းကြီးရှိရာ

ကောင်းကောင်းစား၊ ကြွားကြွားဝတ် ဆိုရှယ်ကလပ်သတင်းတစ်ရပ်

တောင်ရိုက် မြောက်ရိုက်၊ တောင်ရွှေ့ မြောက်ရွှေ့

တစ်ဆင့်စကား တစ်ဆင့်နား

ဘယ်သူတွေ မေးငေါ့ရုံမကလို့ လည်ပင်းပါစောင်းသွားသွား

ဘယ်ကောင်က ဘာပြောလို့တုံး နေမထိထိုင်မသာ

ဘာများလဲလို့ သဘောထားချင်းမတူချင်

မတူပေဘူးပေါ့ မတော်တရော်

မျက်နှာကြီးဆို၍ ဖြစ်ကတတ်ဆန်းသေခဲကျား

ပျော်ပျော်နေကျပန်းဆိုသလို အခြားတစ်ယောက်ပုံပန်း

လက်ဆင့်ကမ်းလမ်းကြားကလေးမှ ဆုအဖြစ်ဝင်ထွက်တာ

ကတ်ကတ်သတ်သတ် အတိအလင်းဖော်ပြရသော်

ခင်ဗျားသိတဲ့အတိုင်း ထိုအချိန်မှစ၍

ဒါဘာဖြစ်သလဲ တချို့တွေဒီလိုအကြောင်း

ကြိုက်ရာနေရာ တီးတိုးတစ်ခုခုရှာ

မကြာမကြာ အလယ်တွင်လုပ်တတ်တယ်ဆိုတာပဲ

လူကြီးလူကောင်းများအတွက်

ဖြစ်ရာအဆင့်ဆင့်ပြီးလျှင် ဘေးအန္တရာယ်မရှိကြောင်း

အနီးမှ တေ့ကပ်၍ ဆင်ခြေကောင်းရထားပြီးဖြစ်ရကား

တကယ်ပါးပြီဆိုမှဖြင့် ထူချင်ယောင်ဆောင်လို့လည်းဖြစ်ပေတာကိုး။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဇန်နဝါရီ ၂၅ရက် ညနေ ၉း၃၃

(ဤကဗျာကို ခေါင်းစဉ်မှစ၍ အဆုံးထိ ဆရာကြီးရွှေဥဒေါင်း၏

ဝတ္ထုတိုပေါင်းချုပ်တတိယတွဲ ” မျိုးရိုးဗီဇ” ဝတ္ထုတိုမှ စကားလုံးများကိုသာ

သုံးစွဲထားပါသည်။)


5 Responses to “မျိုးရိုးဗီဇ”


  1. January 27, 2010 at 6:20 AM

    မကြာမကြာ အလယ်တွင်လုပ်တယ်ဆိုတာ..အဓိပ္ပါယ်မရှင်းပါဖြင့် ဖြေကြားပေးပါခင်ဗျား

  2. 3 dirtydoughnut
    January 27, 2010 at 6:28 AM

    HA HA HA ,,,d ka byar lay a yan kg,,,:D

  3. January 27, 2010 at 4:22 PM

    ဖာဖာ ထေးထေး မျက်စိမှိတ်သောအခါတွင် ဆိုတာကရော ဘယ်လိုမှိတ်ရတာလဲလို့ မှိတ်ပြပါ..
    ~_~ << ဒီလိုလား
    ~_^ << ဒီလိုလား
    *_~ << ဒီလိုလား
    ^_* << ဒီလိုလား


Leave a reply to နန်းညီ Cancel reply


categories

archives