03
Feb
10

ခွေးများသာ သေးပေါက်သည်

ဆိုတော့…

လူတွေ သေးမပေါက်တတ်ဘူးပေါ့

ခြေတစ်ဖက် လေထဲမြှောက်မထားတတ်လို့လား

(ခဏခဏတော့ လက်မြှောက်ပြတတ်ကြတယ်)

မြှောက်သောခြေထောက် မပေါက်မီ

ပေါက်သော ကွက်လပ် မဆန့်မီ

ကိုယ့်အထာနဲ့ကိုယ် ကိုယ့်အထွာနဲ့ကိုယ်

ဘယ်…ညာ…သန်ရာအလျောက် တွန့်-လိမ်-ကွေး-ကောက်

လောကီထုတ်ပေါက် လူတို့ဇာတ်မှာ

ပေါက်တဲ့ပန်း မဆေးတော့ဘူးဆိုတဲ့(ဒဲ့)ပေါက်ပန်းဈေးတန်းထဲ

လူကြီးမင်းတို့ ခရီးသွား လမ်းလာ ဝယ်သွား

သဘာဝ နဲ့ တင်စား ကြတဲ့အခါ ထိကရုန်းကလေးများလို

အိပ်ရင်းပဲ ပန်းမိ ပန်းမိ၊ ပန်းလို့ပဲ အိပ်မိ အိပ်မိ

ပန်းနဲ့ပေါက်…ပန်းနဲ့ပေါက်…

ပန်းနဲ့(အ)ပေါက်…(အ)ပေါက်နဲ့ပန်း…

ပေါက်နည်းပန်းနည်းက (၅ဝဝ)ပါတယ်

တစ်အုပ်မှဘယ်လောက်…ဆိုတာမျိုးမရှိလို့လား?

ပန်းနာရင်ကျပ်မရှိ ချောင်ချိရေးဆိုင်လို

တစ်ခါ/အဝ ပြင်ဘယ်ဈေး ဆိုတာမျိုးမရှိလို့လား?

ကွက်လပ်လမ်းကြောင်းမှာ ပန်းမျိုးထောင်ချီ

တစ်ပါတည်းပါ တစ်တွဲတည်းတွဲ

ကိုယ့်သေးနဲ့ကိုယ် စိုချင်စို ရွှဲချင်ရွှဲ

ခရီးသွားဟန်လွဲ ထင်ရှားသည့်smell များ

member only မို့ အထူးတန်းမှ ရှူးပန်းရန်လား?

အထူးအဆန်း ဆိုပြီး ဝိုင်းကြည့်တာ ခံချင်တာလား?

သေးပေါက်ခြင်းဆိုင်ရာ မဟာမင်းကြီးရုံးမှ

ချမှတ်ထားသောပါမစ် မကျမီအတောအတွင်း

လူမှတပါး အခြားသောသတ္တဝါများသာ ကျောသားရင်သားကြ

တကယ်လို့ ဒီကဗျာခေါင်းစဉ်ကို

သန့်သန့်ပေါက် မဆေးတော့ဘူးဆိုတဲ့

ဖြတ်သွားဖြတ်လာတစ်ယောက်က

“ခွေး ပေါက် များ သာ သေး သည် ” ဆို

ခင်ဗျားစိတ်ထဲ အရင်ပေါ်လာမယ့်အရာ?


လင်းရမ္မာ၊ သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဖေဖေါ်ဝါရီ ၂ ညနေ ၇း၃ဝ


12 Responses to “ခွေးများသာ သေးပေါက်သည်”


  1. February 4, 2010 at 8:10 AM

    လူသေးပေါက်ရင်တော့ လက်မြှောက်လို့မရဘူး..
    လက်မြှောက်ရင်..ပေါင်စိုသွားမယ်

  2. 3 သူမ
    February 5, 2010 at 6:56 AM

    ဥာဏ်မမှီဘူးဗျို့  …
    ငယ်ငယ်တုန်းကတော့ အိပ်ယာထဲ ပန်းဖူးတာတော့ မှတ်မိတယ် … 😛

  3. February 5, 2010 at 8:15 AM

    as usual, nyit tee nyit patz + mocking the so-called elite community

  4. 7 သူမ
    February 5, 2010 at 1:32 PM

    အဲ…

  5. February 5, 2010 at 2:47 PM

    ခွေးပေါက်များသာသေးသည် ဆိုရင်.. ခွေးကြီးများကတော့ ကြီးတယ်လား..

  6. February 11, 2010 at 4:12 PM

    လက်နှစ်ဖက်မြောက်ပြီး ခါးနဲနဲကော့ ခြေထောက်ညာရိန်းလေးနှင့်ပန်းပါ..

  7. February 11, 2010 at 4:13 PM

    မုချ စီုစေရမည်..ဟီး.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: