06
Feb
10

အပေးအယူ

အတုမြင် အတတ်သင်လွဲသလိုလို

သစ်ကိုင်းလွတ်သလိုလို

သမန်းရှသလိုလို

အုန်းသီးလာလုကြရတဲ့ မီးခဲကိုင်မိသလိုဘဝထဲ

ကဗျာတစ်ပုဒ်ထွက်လာဖို့ထက် ဆန့်ကျင်ဖက်တစ်ယောက်ကို လိုရာမန်းမှုတ်ဖို့

အလွယ်တကူ သူမရဲ့ သွယ်သွယ်ဖြူဖြူ ပေါင်တစ်ခြမ်းမှာ

ရေဝေတောင်တန်းကြီးတွန့်ရစ်သွယ်ဆင်းနေပုံ မွေးချင်းတို့ရဲ့ ဋ္ဌာနီနီစွေးစွေး

ကလေးပျက်ကျသလို ဆင်စာ/ဆာမိအပိုင်းအစများအတွက်

စာတွေ့လက်တွေ့ အလေ့အလာအသင်အယူ ချဉ်းကပ်ပုံ သွေးဆုပ်ဖြူရော်အားနည်းမှု

ရင်တလှပ်လှပ် ဖင်တကြွကြွ အူရိုင်းတစ်ကောင် ကြောင်(ပြီးတော့)တောင်တောင်အီအီ

မျှော်ရင်း မျောရင်း မျှော်ရင်း မျောရင်း မျော့ မျော့ လာလည်း

မျှော့တစ်ကောင်ရဲ့လုံ့လကို ခွေးဟောင်လို့ ငါတို့ပြုတ်မကျနိုင်တာ သေချာတယ်ကွာ

နွေးထွေးခြောက်သွေ့စွာ တစ်နေ့တာယုံကြည်မှုတောင်ပံလေးတစ်စုံ

ခိုလှုံရာ တောမှော်ရုံနက်ကြီးထဲ နက်နက်နဲနဲရှိသမျှ ပတ်ပတ်ချွဲချွဲနဲ့ အဆင်ပြေပြေ

မီးတွင်းထဲခေါင်းစိုက်အကျမနာလိုမဖြစ်ရအောင်

ပလောင်တောင်တက်ခြင်းဆက်/စက်ခလုပ်များအနှေးဖွင့်

ပြီးပြီးရောမလုပ်ရန် ကျွန်ုပ်မုဆိုးဒူးအထောက်

မျက်ဝန်းများမှိတ်ထားလျက် ပြုံးပြုံးမက်မက် လျှာတသိမ်းသိမ်း သုတ်သင်ရှင်းပစ်လိုက်ပါ

တဆတ်ဆတ်တုန်ခါစေ့ဆော်မှုအာရုံ၏ တိမ်းညွတ်ပျောင်းနွဲ့အိပ်မောကျသွားပုံအရ

ကဗျာလည်းရ ဝမ်းလည်းဝစေ လမ်းအိုလေးထဲ။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဖေဖေါ်ဝါရီ ၆ မနက် ၁ဝးဝ၎


10 Responses to “အပေးအယူ”


  1. February 7, 2010 at 5:16 AM

    မျှော့တကောင်လုံ့လနဲ့တော့ ကြုံချင်ပါ့ဗျာ

  2. February 7, 2010 at 1:38 PM

    ဘာမှလည်းမဆိုင်ဘူး

  3. 5 PT
    February 7, 2010 at 4:57 PM

    ဆက်ကြေးပေးရမယ်

  4. February 8, 2010 at 11:25 PM

    သောက်ရမ်း ဂွမ်း..

  5. February 9, 2010 at 7:50 PM

    မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ပဲ။ သတိတောင်ရသွားပြီ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: