11
Feb
10

တဝက်တပျက် ကဗျာ

ခြေတစ်ဖက် ဆာနေတယ်

ဒူးဆစ်တစ်ဖက် ချဉ်ဆီခမ်းနေတယ်

လက်တစ်ဖက် သိမ်နေတယ်

ပခုံးတစ်ဖက် အဆစ်လွဲနေတယ်

မျက်စိတစ်ဖက် လပ်နေတယ်

နားရွက်တစ်ဖက် စုတ်နေတယ်

နှာခေါင်းတစ်ပေါက် ပဲ့နေတယ်

နှုတ်ခမ်းတစ်ခြမ်း လန်နေတယ်

အပေါ်သွားတွေ မရှိတော့ဘူး

ပါးတစ်ဖက် ရွဲ့နေတယ်

ဦးနှောက်တစ်ကန့် ပါမလာဘူး

နှလုံးတစ်ခန်း ပျက်နေတယ်

အဆုတ်တစ်ခြမ်း စကာပေါက်ဖြစ်နေတယ်

အစာအိမ် တစ်ခြမ်း ယောင်နေတယ်

နံရိုးတစ်ချောင်း လိုနေတယ်

သရက်ရွက်တစ်ရွက် ကြွေသွားပြီ

သည်းခြေထဲ ကျောက်တည်နေတယ်

ကျောက်ကပ်တစ်လုံး အလုပ်မလုပ်ဘူး

ကပ်ပယ်အိတ် တစ်လုံးကြေနေတယ်

လိင်အင်္ဂါ စိတ်သွားတိုင်း ကိုယ်မပါဘူး

သောက်ဖတ်မလုပ်တဲ့ချစ်သူနဲ့

စားချင်တာစား ဘုံဝိုင်းမြှောက်မယ့် သူငယ်ချင်းတွေနဲ့

အဖေနဲ့ အမေက မျက်စိစပါးမွှေးစူး

အမျိုးတွေက တူးတူးခါးခါးမုန်း

ရပ်ကွက်က “ဝုန်း” ဆို ဗုံးထကျဲဖို့ အသင့်ပြင်…

ဒါဘာဟုတ်သေးလဲ

မနက်ဖြန် ကိုယ်တစ်ခြမ်းလေဖြတ်အပြီးမှာ

(အိပ်ယာထဲလဲလျက်က)

ငွေမက်တဲ့ ပိုင်းလုံးမတောင့်တောင့်တစ်ယောက်ကို

သန်ဘက်ခါ ကောက်ယူပြလိုက်ဖို့

မိုးရွာရန် ရာနှုန်းပြည့်အနေအထား။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဖေဖေါ်ဝါရီ ၉၊ ည ၁ဝးဝဝ


7 Responses to “တဝက်တပျက် ကဗျာ”


  1. February 11, 2010 at 10:13 AM

    လျှာ တော့ဘာမှမဖြစ်ဖူးမို့လား…အလုပ်ဖြစ်ပါတယ်

  2. February 11, 2010 at 2:18 PM

    တ၀က်တပျက်မို့လိုသာပေါ့ အပြည့်အ၀ဆိုရင်တော့..အင်း

  3. 5 dirtydoughnut
    February 12, 2010 at 1:48 AM

    poem tway ka lan hwat nay tar pae,,,

  4. 6 သူမ
    February 12, 2010 at 4:56 AM

    ဒီကဗျာမှာ အမှန်ဆိုလို့ နံရိုးတချောင်းလိုနေတာပဲ တွေ့တယ် …


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: