14
Feb
10

နွေရာသီလမ်းကလေးထဲ ကလင် ကလင် မြည်လို့

သိကြားမင်း သင်းကျစ်တော်လို ရေခဲမုန့် ငါ့ကိုသူကျွေးတုန်းက ငါ့မှာ သိပ်ဝမ်းသာခဲ့ပေါ့။

၂ နှစ်သားကလေး ကြမ်းပေါက်ကျွံကျသလို ဝမ်းသာမိခဲ့။

လျှာဖျားမှ အရင်းအထိ ရေခဲမုန့်ရဲ့ ပွတ်တိုက်ပျော်ဝင်သွားမှုက ချိုမွှေးအေးမြလို့။

သူ့ရေခဲမုန့်သေးသေးကွေးကွေးကလေး ငါ့ရဲ့မိမွေးတိုင်းဖမွေးတိုင်း လျှာအပြားလိုက်ကြီးပေါ် တပြတ်ပြတ်နဲ့ပျော်ဝင်သွားပုံကို

ငါယနေ့တိုင်မမေ့နိုင်သေး။

အို ရေခဲမုန့်ကလေး…။ အို သင်းကျစ်တော်ကလေး…။ ငါ့ ပထမဆုံးသောကလေး…။

အိပ်မက်ဆိုးတွေဆီက ငါတရေးနိုးလာတိုင်း ရေခဲမုန့်ရနံ့ကလေးက နှာဝမှာအမြဲတိုးဝင်ကပ်ငြိနေဆဲ။

မင်းတို့လည်း သူတို့ဆီက ရေခဲမုန့်တောင်းစားကြလော့။

နိုးကြားကြလော့။ နားစွင့်ကြလော့။ အာရုံခံကြလော့။

ရေခဲမုန့်ဆိုတာ တပြတ်ပြတ်နဲ့ အသံထွက်ပြီး စားရတဲ့အရာဖြစ်တယ်။

ချိုပေစွ။ မွှေးပေစွ။ အေး…။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဖေဖေါ်ဝါရီ ၁၂၊ နေ့လည် ၂းဝဝ


2 Responses to “နွေရာသီလမ်းကလေးထဲ ကလင် ကလင် မြည်လို့”


  1. 1 dirtydoughnut
    February 14, 2010 at 3:45 PM

    d-delicious~
    i-ice-cream*
    r-reviving^
    t-theory”
    y-yummy/yucky~*^”””~~~

    lolxxxxxxxxxxxxxxxx

  2. February 15, 2010 at 8:17 AM

    ဟုတ်၏မှန်၏၊
    လျာအပြားလိုက်လျက်လျင် ချို၏။မွှေး၏။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: