11
Mar
10

သံတူကြောင်းကွဲ

သူတို့က…

ကုန်းမြင့်ချိုင့်ဝှမ်းပင်လယ်ကွင်းထဲဆင်းပြီး

လေကြီး/မိုးကြီး/ ဝသ (တော်) သီချင်းကို

ကိုယ်ပိုင်ကော်ပီသံစဉ်စာရင်းထဲဆွဲသွင်းလို့

အလှမွေးတရုတ်ငါးကန်ထဲ

ပြည်တွင်းဖြစ်စိမ်းပြာရေညှိစိုက်ပြီး ဂျပန်ဆူရှီလုပ်စားလို့

ကာမကာဇီ နေရောင်ခြည်စွမ်းအင်နဲ့

ဘယ်ဖက်ကဝင်သမျှညာဖက်ကထွက်မသွားနိုင်သေးတဲ့

တဖက်သားနားပေါ်မှာ ပေါင်မုန့်မီးကင်လို့

အနောက်ကလာတဲ့ ပန်းချီကားကို

စတော်ဘယ်ရီယိုများများသုတ်အပြီး ပရိတ်ကြီးရွတ်လို့

အရပ်တကာ(လည်) ရွာသားတို့ကောင်းမှုတော်ချွေးကို

အအေးခန်းမှာပေါင်းခံကာသံပုရာရည်နဲ့ရောစပ်ပြီး မူးယစ်လို့

ထင်းခွေမကြုံ ရေခပ်ကြုံရာဇယားနဲ့

တောင်ပေါ်မြေပြန့် တစ်လင်တစ်မယားစနစ် ကျင့်သုံးလို့

ကာလပေါ်တွေးခေါ် ရှည်ရှည်ဝေးဝေးမျှော်မြင်မှုက

အလိုမတူပဲရတဲ့ကိုယ်ဝန်လို မျက်စိထဲအမှိုက်ဝင်လို့

မျက်ခုံးမွှေးပေါ် ဆင်ကြံကြံ စင်္ကြန်လျှောက်နည်းသင်တန်းကို

အမိဝမ်းမှာကတည်းက ဘာသာ(ဖာသာ)မခြားဂုဏ်ထူးဆောင်ဘွဲ့ရလို့

အထူး/ကန့်သတ်/တားမြစ် နယ်မြေဒေသ စည်းမခြား

မျက်လှည့်ဆရာဦးထုပ်ထဲက

တဖြုတ်ဖြုတ်ထွက်ကျလာတဲ့ ဆင်တွေ၊မြင်းတွေ၊ခြင်္သေ့တွေကို

ဖြုတ်၊ခြင်၊ယင်၊မှတ် ပေါရာ တောကြီးမျက်မည်းထဲ မောင်းသွင်းလို့

(သိသိနဲ့ အ)ညာ(ခံနေတဲ့)ဖက်ကတစ်သင်း မက မဝင် မချင်း

ရှောင်ဖယ် ရှောင်ဖယ် ဘယ်ဖက်က

ဘာကြဲလို့ ဘာပစ်ရမှန်းမသိ လက်ဆုပ်လက်ကိုင်မရှိ ဖြစ်လို့

ဦး/ရာ/လူ စနစ်နဲ့ တစ်/ကိုယ်/တော် မျိုးချစ်ဖြစ်ကြောင်း

ကြိုးမဲ့ကွန်ယက်သို့ ချိပ်ပိတ်ဆက်သွယ်မောင်းခတ်လို့

ငါတို့ကတော့…

၁ဝဖဲ ဖင်ခုထိုင်ထားတဲ့မိသားစုထဲက

ဘူမိဗေဒပညာရှင် အိမ်ထောင်ဦးစီးတစ်ယောက်လို

တစ်နေ့ရစရာ အိမ်သာကျင်းတူးစားရ၊

ကိုယ့်ဆီမဝင်တဲ့ ဝင်ငွေအသင်္ချေရဲ့

လည်ပတ်စီးဆင်းမှုသဘောကို ဂဃဏနသိသူ

ဘောဂဗေဒပညာရှင် အလုပ်စိတ်ပျက်လက်မဲ့တစ်ယောက်လို

အပေါင်ဆိုင်နဲ့ ဘဝအကြား (+) ခံဖွဲ့ရင်း (-) ပြပြလာ၊

စွမ်းအင်ကူးပြောင်းမှုနိယာမအလိုကျ

၁၁မီးသောအပူရသူ ရူပဗေဒပညာရှင်တစ်ယောက်လို

အပူစွမ်းအင်၊ ကင်နက်တစ်ဆိုက်ကားနှင့်

ငွေကြေး၏ဆက်သွယ်မှုသဘောတရားကိုတွေ့ရှိ၊

အဖြစ်မရှိတဲ့ အပျက်ပျက်နဲ့ နှာခေါင်းသွေးမထွက်ခင်

ဇီဝဗေဒပညာရှင်တစ်ယောက်လို

ကိုင်းဆက်ခြားမျိုးပွားစည်ပင်နည်းကိုကြိုးစားကျင့်သုံး၊

နောက်ဆုံးမှာ…

ဒါတွေအားလုံးဟာ အတုအယောင်ပဲလို့ သိသွားတဲ့

ဓါတုဗေဒပညာရှင်တစ်ယောက်လို

လေထိုင်လည်ရုံလောက်သာ တတ်နိုင်တာပါပဲ။  ။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဇန်နဝါရီ ၁၄ရက်၊ ညနေ  ဂးဝဝ


6 Responses to “သံတူကြောင်းကွဲ”


  1. 1 noblemoe
    March 11, 2010 at 12:50 PM

    စာဖတ်ရင်း အောက်ဆုံးစာကြောင်းလည်းရောက်ရော အသံထွက် ရီမိသွားတယ် ခွိခွိ………………………………………………
    သာယာချမ်းမြေ့ပါစေနော်
    မိုး

  2. March 11, 2010 at 4:23 PM

    ဘယ်ဘက်က တဆုပ်ကြဲလို့ ဘယ်ဘက်က တလှည်းဝင်
    ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ ဆိုတာမျိုး ..း)

  3. March 19, 2010 at 6:10 AM

    ဓါတုဗေဒပညာရှင်တွေ့ရှိချက်…H2S


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: