11
Mar
10

ဝေစု

ခွေးကလေး၊ ကြောင်ကလေးများ

ကိုယ့်ဒဏ်ရာကိုယ်လျက်ရင်း မိုက်တွင်းနက်လာသလို

ကိုယ့်ပြည်ကိုယ်မျိုသူ သားတော်အဇာတသတ်

အကြွေစေ့ကလေးများအတိုင်း ပွန်းလေ ပြောင်လေ

နေပူသလိုလို မိုးရွာသလိုလို နှင်းဖွဲဖွဲလမ်းကလေးအထဲ

သွေးချင်းသားချင်း ထိစပ်မှုနယ်နိမိတ်မျဉ်းကွန်တိုဘာရိုမီတာ

မိတ်ဆွေအချင်းချင်း၊ ရန်သူအချင်းချင်း

အပေါင်းများသင်းလိုက်၊ အနှုတ်များကွပ်လိုက်

အမှန်ကိုပြောင်းပြတဲ့ မှန်ပြောင်းသဖွယ်

နီးသောအခါ ဝေးသွားလိုက်၊ ဝေးသောအခါ နီးသွားလိုက်

မှန်ရှေ့မှာရပ်ပြီး ငါဓါတ်တွေခမ်းနေတဲ့အခိုက်တန့်များ

မိသားစုထဲမှာ အထီးကျန်ကမ္ဘာကြီးတဖြစ်လဲ…။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မတ်လ ၁၁ရက် ည ၁ဝးဝ၎


2 Responses to “ဝေစု”


  1. 1 သူမ
    March 19, 2010 at 3:09 AM

    ဒါဟာ ဘ၀ ပဲ …
    ခေါင်းစဉ်“ဝေစု” ကိုနားမလည်ဘူး. ရှင်းပြပါ

    ဒီကဗျာဖတ်ပြီး ကောင်းကင်ကိုရဲ့  ကဗျာတစ်ပုဒ်သတိရမိတယ် …

    “အရည်အချင်း”

    ကိုယ့်အကျိုးကိုယ်ငြင်း
    ကိုယ့်အမျိုးကိုယ်ညှင်း
    ကိုယ့်ပုဆိုးကိုယ်နင်း
    ကိုယ့်ဂိုးကိုယ်သွင်း
    တို့အရည်အချင်း။ ။ ။

    တဲ့ … ဆိုင်တော့မဆိုင်ဘူး. ဖတ်ပြီးပေါ်လာလို့ …


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: