14
Mar
10

ပုတ္တသိနေဟ

မမိုက်ချင်စမ်းပါနဲ့ ငါ့သား

လိမ္မာရင် အားလုံး မင်းဖို့ ချည်းပဲ

ငါခု ဒီမှာ ငှက်ပျောသီးအခွံနွှာထားတယ်

စိတ်မှာဆာရင် ယူသာစားပေတော့

ရာသီဥတုက

မင်းပုဇွန်ဦးနှောက်လေး ကွေးတယ်ဆိုရုံ

သွေးကြောထဲ ငါးတွေနွေးပြီလားက မင်းဟာမင်း စဉ်းစားပေါ့

လမ်းထိပ်က ဦးလေးကြီးဆိုင်မှာတော့

ကြက်နဲ့ ကြက်ဥကိစ္စ ဘယ်သူမှရေးကြီးခွင်မကျယ်ကြဘူး

အူမတောင့်မှ တောင်တောင်အီအီတွေးနိုင်တာမဟုတ်လား

လက်တွေ့ဘဝမှာတော့ ရွှံ့လူးကောင်တွေအတူတူအနူနူ

ကိုယ်အဆင်ကောင်းပြီဆို သူ့ဘက်ကလှမ်းဒေါင်းတတ်သမို့

ငါ့စကား ငရဲဆို ဂျိုကာနဲ့လို့ မြဲမြဲမှတ်ထား

ဘဝင်လေဟပ်ပြီး ချဉ်ဖတ်စော်နံတဲ့မြို့တွေဆို ကိုယ်ပေါင်းစိတ်ခွာဖို့မမေ့နဲ့

မင်းရဲ့ ချစ်လှစွာသောလေးလည်း ဘယ်နှစ်ယောက်မဆိုနိုင်ဘူး

ယောက်ျားတစ်ယောက်က ကိုယ့်ထွက်ပေါက်ကိုယ်သိဖို့လည်း လိုတာပေါ့လေ

လောကမှာ ရှည်လို့ကောင်းတဲ့ကိစ္စတွေက လက်ချိုးရေလို့ရပါတယ်ကွာ

အဲဒီကောင်တွေက မထင်ရင် မထင်သလို သစ်စိမ်းချိုးတတ်တော့

ဝါဝါမြင်တိုင်းမရှိခိုးဖို့က မင်းအပ္ပမာဒပ္ပဋိပဒါ။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မတ်လ ၁၃ရက်


7 Responses to “ပုတ္တသိနေဟ”


  1. 1 phone myint
    March 14, 2010 at 6:25 PM

    လုပ်လှချည်လား ..း)
    ဘယ်အချိန် ဘယ်လို များ လုပ်လိုက်တာတုန်း သိတောင် မသိလိုက်ရဘူး..း)

  2. 3 သူမ
    March 19, 2010 at 3:02 AM

    အေးဆေးပေါ့ …

  3. March 19, 2010 at 6:06 AM

    အခွံနွှာထားတဲ့အဖေ့ငှက်ပျောသီးတော့မစားပါရစေနဲ့..

  4. March 20, 2010 at 12:52 PM

    အူမတောင့်မှ တောင်တောင်အီအီကလေးတွေးနိုင်မှာပေါ့ဗျာ… ။ မှန်ပါ့ ။ 🙂


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: