18
Mar
10

ထိုသဘောအရ ငါတို့ဝေးကြပြီ

ဗုံးကျဲလေယာဉ်ပျံကြီးတွေကတဆင့် ဗုံးကျဲခံထားရတဲ့ မြို့ကြီးများပေါ်

ပြန့်ကျဲနေသော အစစ်အမှန်ပေါင်းမြောက်များစွာရှိခြင်းဖြင့်

အညွှန်းပြု အညွှန်းခံ အမှတ်သင်္ကေတစနစ်

အိုအမ်ဂျီသကြားလုံးများ ကျဲချလိုက်ပါတယ်

အဖွင့်သဏ္ဍန်ဆုံးဖြတ်မရခြင်းတန်ဖိုးသည်…

“အားလုံး ချိုမွှေးအေးမြလန်းဆန်းကြပါစေ”

ဟုတ်ယောင်ထင်မှု၏ အတ္ထုပ္ပတ္တိဇာတ်ကြောင်းအရ

ဆင်ခြင်တုံတရား အခက်အလက်ဝေစည်ဖို့

နှစ်ဖက်နှစ်လမ်း စိမ်းလန်းစိုပြေဖို့

တစ်ချိန်မှာ ထင်းပြန်စိုက်ဖို့

သိရှိနားလည်ထားသော ဘဝပတ်ဝန်းကျင် အခင်းအကျင်းမှာ

ကျွန်တော်တို့ သစ်ပင်တွေ စိုက်ခဲ့ကြပါတယ်

ခံစားမှုရော အသိပါ စုစည်းချုပ်ကိုင်ထားခြင်းမရှိတဲ့

ရေဒီယိုသတင်းဆိုတာ

ဘာသာစကားပြဿနာရှိမှု မသေချာခြင်း

မြင်ကြားထိတွေ့ကူးလူးဆက်ဆံမှု မရမချင်း

နားလည်ဖို့၊ သဘောပေါက်ဖို့၊ သိရှိဖို့၊ ခံစားဖို့

အတင်းအဖျင်းလို့ လက်ခံထားရမယ့် ကိစ္စတွေပါ

81.7 FM ရဲ့ ၁၅ကြိမ်မြောက်တင်ဆက်မှုအစီအစဉ်

ပိုင်းစစိတ်မွှာစွာ ဆက်သွယ်ပို့ဆောင်ပေးနည်းနာနိသျှ မကုန်ခမ်းနိုင်ခြင်းသည်

နွေရာသီရောက်ရှိပြီဖြစ်ပါသဖြင့်…

မည်သည့်အခါမှ ပြီးဆုံးပြည့်စုံသွားပြီဟုမရှိနိုင်

ဘာကိုမှမဆာလောင်တဲ့ သေခြင်းတရားမြို့ပျက်ကြီးထဲ

လေ့လာမှုဆိုင်ရာအမြင်များ ဘယ်ဟာ အမှန်ဆုံးလဲဟု ပြော၍မရသည့်အပြင် အတွင်း

ဘယ်အချိန် ဘယ်နေရာမှာမှ ဖန်တီးမှုအစဉ်အဆက်အစပ်မရှိ အပြီးအပိုင်

ကိုယ့်ကိုယ်ကို သွန်ချပစ်လိုက်ရတာ မမိုက်ဘူးဗျာ

သွေဖီဖောက်ဖျက်ခြင်း မနက်ဖန်တိုင်းဟာ အရေးပေါ်ဥသြဆွဲသံဖြစ်ကြောင်း

တဖြည်းဖြည်း တစ်ဆင့်ပြီးတစ်ဆင့် ဝေးကွာ၍ ပြန့်ကျဲနေသော…။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မတ်လ ၁၆ရက်

၂ဝဝ၉မှာစပြီး (ကျွန်တော့်ဘက်က) တဖြည်းဖြည်း ပြောင်းလဲရွေ့လျားလာတဲ့ ကဗျာအပေါ်သဘောထားအမြင်၊ ပရိသတ်နဲ့ ဝေဖန်ဆန်းစစ်သူ သုံးပွင့်ဆိုင်အကြား (ကောင်ဆိုးမလေးတစ်ယောက်လို ငြင်းပယ်လို့မရနိုင်သေးတဲ့) စကားလုံးများနဲ့ပဲ ကူးလူးယက်ဖောက် ကစားကြည့်ခြင်းဖြစ်ပါတယ်။


6 Responses to “ထိုသဘောအရ ငါတို့ဝေးကြပြီ”


    • March 19, 2010 at 7:53 AM

      haha
      ae lo kyay lar :p
      got inspiration from “zaw zaw aung phatsar” and “LP & other poetry trends” by zayar lynn
      a line a day tot ma hote woo
      but you can say almost every other line in this poem came from “zaw zaw aung phat sar” using cut/paste/add/modified/re-arrange blah blah blah techniques from the aboved mentioned zayar lynn book :p

  1. 3 သူမ
    March 19, 2010 at 2:59 AM

    ထင်(ယုံ)နေတာနဲ့ လက်တွေ့လွဲနိုင်တယ် …

  2. March 19, 2010 at 6:02 AM

    ကြက်ဆူစိုက်တော့မလို့လား..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: