ငါဟာ မဖြစ်နိုင်ခြင်းတွင်းကို နှိုက်သူဖြစ်တယ်
အဲဒီတွင်းက သိပ်ကို ရှည်လျားနက်မှောင်လွန်းလှပေါ့
ငါဟာနှိုက်မြဲနှိုက်လျက်ပဲ
မြွေတစ်ကောင်
ကြွက်တစ်ကောင်
ဒါမှမဟုတ်
သွေးဆုတ်သေဆုံးနေတဲ့ယုန်တစ်ကောင်
တစ်ခုခုတော့ ငါ့လက်ထဲပါလာနိုင်တယ်လေ
ငါဟာနှိုက်မြဲနှိုက်လျက်ပဲ
မဖြစ်နိုင်ခြင်းရဲ့တွင်းဟာ နက်မှောင်ရှည်လျားလွန်းပါရဲ့ကွယ်
ဒီလိုနဲ့ …
လောကဟာ တွင်းများနဲ့ တည်ဆောက်ထားကြောင်း
တွင်းတစ်တွင်းမှာ ပိုင်သူနဲ့ ဆိုင်သူရှိကြောင်း
တွင်းသစ်၊ တွင်းဟောင်း၊ တွင်းပြို၊ တွင်းပျက် နဲ့ တွင်းကောင်းများအကြောင်း
ရေကြည်ရာမြက်နုရင်း
ငါဟာ တွင်းတွေ့ရင် နှိုက်မိနေတုန်းပဲ
ယုန်ဖြူလေးတစ်ကောင်လောက်တော့
ကံကောင်းမယ့်တစ်နေ့
ငါ့လက်ထဲပါလာနိုင်မလား?
မဖြစ်နိုင်ခြင်းဟာ ငါလက်လှမ်းမမီတဲ့အထိ ကျယ်ဝန်းနက်ရှိုင်းတုန်း…။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မတ်လ ၂၉ရက်
တွင်းနက်တာက ကိစ္စမရှိပါဘူး…တွင်းကျယ်နေရင်သာ
lol…wote tae wote tae :p
ဟိုတွင်းမရရင် ဒီတွင်း ပေါ့ တွင်းပေါင်းတထောင် ကုန်အောင်တူးလိုက် …း)
chay nay chane khar, char char thar lel thwar yaw, choot chone kya tar pae a phat tin 😀
that’s the drive.
And i lost one poem that i want to comment. Can’t find it anymore, cos u hv tooooooooo many. but…thx Sir!.. i got my prescription for a long period of time (allow me) 🙂