08
Apr
10

လေတိုက်တဲ့ခါ

ဉာဏ်ပညာကြီးမားသော ရုပ်တုများရှေ့မှောက်သို့ ကျွန်ုပ်တို့ ရောက်ရှိခဲ့ကြပြီ။ ကံ၊ ဉာဏ်၊ ဝီရိယ တို့ဖြင့် ပစ်ပေါက်ဆော့ကစားကြသည်။ နေ့၏အလင်းသည် မြူတို့ကို ဖြောင့်ဖြောင့်ကင်းကင်း ဖြိုခွင်းခြင်းငှာ မစွမ်းသာခိုက် လေသည် အောက်မှ အထက်သို့ ပင့်တိုက်သောအခါ ကျွန်ုပ်တို့၏ စရိုက်များလည်း လွင့်ပျံပျောက်ကွယ်သွားလေတော့သည်။ ဇယားများကို လက်ယာရစ် လှည့်ပတ်ကြည့်ရှုအပြီး၌ တိမ်ခိုးတို့ဖြင့် ဖျော်စပ်ထားသော ယမကာကို မှီဝဲကြကုန်၏။ ထိုခဏ၌ သညာတို့လည်း လွင့်ပါးပြန်လေသည်။ တရားတို့သည် စကား၌ မတည်သောအခါ ကောင်းကင်၏ပြာလွင့်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကြီး၏ ပြန့်ပြောတိုးလျှိုးခြင်းသည်လည်းကောင်း၊ တောတောင်၏ ဆန်းကြယ်ဖွယ်ပြားခြင်းသည်လည်းကောင်း၊ ရုပ်တုတို့၏ တိတ်ဆိတ်လျှို့ဝှက်ခြင်းသည်လည်းကောင်း ရှိခြင်း၊ ဖြစ်ခြင်းတည်းဟူသော အမှုကို မဖေါ်ဆောင်တော့ပါတကား။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဧပြီ ၈


4 Responses to “လေတိုက်တဲ့ခါ”


  1. 1 သူမ
    April 8, 2010 at 7:24 PM

    ယူသွားတယ်

  2. April 9, 2010 at 5:44 AM

    နာဂစ်တော့ မဟုတ်လောက်ပါဘူးနော်

  3. December 30, 2010 at 10:34 PM

    ဖေါ်ဆောင်ခြင်း မရှိနိုင်တော့တဲ့ တရားတစ်ချို့ လေနဲ့အတူ လွင့်ပါသွားတယ်..။
    I like this poem.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: