19
Apr
10

ဘယ်သန်ကြီး

ဘယ်မှာသန်သလဲ ဘယ်သန်?

က အစ အ အဆုံးနောက်ခံမှာ

တချို့ A သန်၊ တချို့ B သန်

တချို့က AB၊ တချို့က O ပေါ့

အရေးအကြောင်းဆို သွေးတောင်းသူများ

ဆက်တိုက်တော့ ဆက်မတိုက်နိုင်ဘူး

အဆက်များကို အစက်များအဖြစ်

အစက်များကို အဆက်များအဖြစ်

အမှတ် A မှ အမှတ် B သို့ ရောက်ရန် အစက်ပြထားသည့်အတိုင်း

ဘယ်ကိုသန်မလဲ ဘယ်သန်?



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဧပြီလ ၁၇ရက်


7 Responses to “ဘယ်သန်ကြီး”


  1. 1 သူမ
    April 19, 2010 at 7:16 PM

    အတွေးကတော့ တကယ်မိုက်တယ်
    ဘာလို့ အဲဒီလိုမျိုး မတွေးတတ်သလဲလို့ တွေးမိတယ်
    ဂွတ်တယ်ဆရာ

  2. 2 garlic(temp)
    April 19, 2010 at 11:11 PM

    သိသလို မသိသလိုလိုပဲ
    ငြိမ်နေလိုက်အုန်းမယ် (အထင်ကြီးအောင်)
ေ၇းထားတာ မိုက်တယ်

  3. 4 TIS
    April 21, 2010 at 3:56 PM

    ဒီကဗျာကို လာလာ ပြန် ဖတ်ဖြစ်တာ အကြိမ် တော်တော်များသွားပြီး။ တခါမှ LP မရေးဘူးလို့  LP ရေးကျင့်ကြည့်တာ။ ကဗျာဆရာစိတ်ဆိုးလောက်အောင် မဖျက်ဆီးခဲ့ပါဘူး။ အားပေးနေတယ် သင်ယူနေတယ်…ဆရာရေ…။

    ဘယ်သန်ကြီး( နယူးဗားရှင်း )

    ဘယ်မှာသန်သလဲ ဘယ်သန်?
    ဘယ်က ဘယ်လို သန်တာလဲ
    ဘယ်လိုကဘယ်လို သန်တာလဲ
    က အစ အ အဆုံးနောက်ခံမှာ
    က ကနေ အ အထိ စ လယ် ဆုံး သန်တာလား
    ၀ ထ က လ သ လိုသန်တာလား
    A ကနေ Z အထိသန်တာလား
    တချို့ A သန်၊ တချို့ B သန်
    တချို့က AB၊ တချို့က O ပေါ့
    ဘယ်လိုပဲ သန်သန် ဖောက်ထုတ်လိုက်စမ်း
    သွေးနီတွေပန်းထွက်လာမယ်
    သွေးနီနေသလို သွေးညီဖို့ ကောမလိုဘူးလား
    သွေးနီမှုထဲ သွေးနီဥ လွှမ်းနေသလို
    ဒီခေတ်က
    သွေးညီမှုထဲ သွေးညှီမှု လွှမ်းနေတယ်
    သွေးနည်းလို့ သေတဲ့မသာ ထက်
    သွေးကွဲလို့ သေတဲ့မသာ ကပိုများနေတယ်
    အရေးအကြောင်းဆို သွေးတောင်းသူများ
    သွေးကောင်း ရဖို့ သေချာပါ့မလား
    ဆက်တိုက်တော့ ဆက်မတိုက်နိုင်ဘူး
    ခဏနား
    ခဏပဲနားလို့ ရမယ် ခဏခဏနားလို့ မရဘူး
    ဆက်တိုက်တော့ ဆက်မတိုက်နိုင်ဘူး
    ခဏဖျား
    ခဏပဲဖျားလို့ ရမယ် ခဏခဏဖျားလို့ မရဘူး
    ဒါဆို
    အဖျားထူမှုကို အနားယူပြီး
    အနားယူမှုကို အဖျားထူလိုက်ရမှာလား
    သွားသေလိုက်တော့ အစဉ်အလာ အစဉ်အဆက်တို့ရေ
    အဆက်များကို အစက်များအဖြစ်
    အစက်များကို အဆက်များအဖြစ်
    အမှတ် A မှ အမှတ် B သို့ ရောက်ရန် အစက်ပြထားသည့်အတိုင်း
    ဖြောင့်ဖြောင့် မဖြောင့်ဖြောင့်
    ကောက်ကောက် မကောက်ကောက်
    အစက် အဆက် မှသည် မျဉ်းဆီသို့ 
    ဘယ်ကိုသန်မလဲ ဘယ်သန်?
    ဘယ်သန်ကြီးဘယ်လိုသန်သန်
    လက်ဝဲ၀ါဒ ကျဆုံးခဲ့တာတော့အမှန်ပဲ
    လက်ျာဝါဒကကော ရှင်သန်ခဲ့လို့ လား
    လောလောဆယ် လက်ခလယ်ထောင်တဲ့ဝါဒ လူကြိုက်များနေတယ်
    အဲဒီလက်ခလယ်ဟာ ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ်
    ခင်ဗျား နားလည်ထားတဲ့ အဓိပ္ပါယ်ပဲဖြစ်တယ်။။

    • April 21, 2010 at 4:09 PM

      bro thu, mite tae bya
      middle finger ka mizzima padipada kya tae :p

      • April 21, 2010 at 4:47 PM

        လက်ခလယ်က ခွတီး ခွကျ ချထားပုံက LP ဆိုတာကြီးကို လဲပီး သေလိုက်ရတော့မလိုပါလားဗျို့… ( 😛 ကျွန်တော်လည်း သူများတွေကို နောက်ကြည့်တာ အခုတလော နောက်ပေါက်တွေ ကျယ်လာကြသလားမသိဘူးနော် ကောင်းပါတယ်လေ.. လီနီယာ ဖြစ်တာပေါ့)

  4. 7 TIS
    April 21, 2010 at 4:21 PM

့ha ha ha! there are a lot more from ka gyi to aart, from a to z orderly. i just can’t type the font. all the best bro, keep writing!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: