19
Apr
10

အာရုံထဲ တဖွဲဖွဲတောက်လောင်

ရန်သူ့လက်ထဲ၌ ပြည့်စုံကြေကွဲစွာ ပျော်ရွှင်မူးလဲပြီးနောက် ဒဏ်ရာ၏ အဆင်းအတက် အကွယ်အဝှက် လားရာမတူရာအရပ်ကိုဆွဲသွင်း၍ နေဖုံးသောအချိန်တွင် မြိန်ရေယှက်ရေ လမ်းခွဲထွက်ပြေး တည့်တည့်စီ ချိန်းဆိုမွန်းလွဲခဲ့ကြရာ…ပြန်လည်ဆက်သလာသော လက်ရေးတော်ကောင်းသူ ဓါးတလွင့်လွင့် ပွင့်ချပ်စီရရီ သိုင်းလောကမကိုဋ်ဒေဝီ၏ မျက်စောင်းတော် အနမ်းဖွဖွဖြင့် နီရဲတွတ်စွာ နုံးချိဝမ်းသာခြင်းအတိ ညကိုပွေ့ဖက်မိကြပြီ။

မောင်တစ်ထမ်း မယ်တစ်ရွက် အိစက်ညောညက် သောကဓာတ်ဖြင့် ခွာစုံချရပ်သူ သလွန်ထက်မှ ပင့်သက်လျလျ ဆံနွယ်စတို့လည်း တိမ်တောင်တိမ်လိပ်သဖွယ် လှိုက်ဆူခေါင်ခြစ် မွန်းလုလုရစ်နှောင်မိ၍ သွေ့သွေ့မူးမူးဖြစ်ဆဲတွင် နတ်ဘီလူးပုံ ဇောဟုန်လွင်လွင်ကို ချိုးခြံမျှော်မြင်လျက် စောင်းညင်းဖျဖျ ချီချခေါ်ငင်တော်မူကြသည့်အခိုက် ညသည် အမိုက်မှ အလင်းသို့ အလျဉ်းကူးလေသတည်း။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဧပြီလ ၁၇ရက်


0 Responses to “အာရုံထဲ တဖွဲဖွဲတောက်လောင်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: