19
Apr
10

ခါနွေဆန်းတော့ လွမ်းမိတယ်

တစ်ဦးနဲ့တစ်ဦး ကျူးကျော်မိတဲ့အကြောင်း

အများနဲ့ ဆိုင်တဲ့အတိုင်း ကိုယ့်အထာနဲ့ကိုယ် ရှူးတိုးတိုး

ကိုယ်စီကိုယ်စီ အတည်အပေါက်ကြီး ဟိုးလေးတကျော်ကျော်

အမည်မဖော်လိုတော့ပါဘူး ခဏဏနေရတာလေး အဖတ်သေးသေးတင်ပြီး

ပြီးတော့လည်း ပြီးတာထိုင်ပဲနေရတာ အလီလီအမွှေမွှေ

တစ်ဦးနဲ့တစ်ဦး မနွှဲခဲ့ရသမျှအပွဲပွဲမှာ

ပဝါအကူကူ ရေအရှူရှူ အလံတွေကိုယ်စီဖြူလို့

အတူတူအနူနူ အဖြူကိုဘယ်သူအရောင်ဆိုးတယ် ကောင်းတယ် ခွဲခြားဆက်ဆံ

သံခင်း တမန်ခင်း လမ်းခင်း တံတားထိုး ဆည်ဖောက်

စာရိတ္တတစ်ခွင် တည်ဆောက်ပြုပြင်တိုးတက်မြှင့်တင်ရေးစီမံကိန်းများ

ပြွတ်ပြွတ်ခိုင်ခိုင် ဝဝဖီးဖီး ကျော်တဲ့လှေသူကြီးမို့

သောင်နဲ့တိုးပြီး သဲနဲ့ပက်သတ်သမျှအကြောင်းအကောင်းချည်း

တောင်မင်း မြောက်မင်း မကယ်နိုင်ရာ လှံစိုက်

ဂုဏ်သွားရေရှိလူကြီးမင်းများနဲ့တကွ ဦးစွာပဏာမတစ်ကောင်ကြောင့်

တစ်လှေလုံးပုတ်ရသည့်အရေး ကြားလေသွေး၍ဝေးရန်

ကာလံ ဒေသံ လှေခွက်ချည်းကျန် ဆင်းရဲလေလေ သံဝေရရ။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဧပြီလ ၁၇ရက်


2 Responses to “ခါနွေဆန်းတော့ လွမ်းမိတယ်”


  1. 1 သူမ
    April 19, 2010 at 7:22 PM

    ခါနွေဆန်းတော့ လွမ်းမိတယ် ဆိုတော့ ပန်းတောက်ကဗျာတွေပဲ မြင်မိပါတယ်
    ပိတောက်ရယ် သင်္ကြန်ရယ် အညာက တံလျှပ်ထနေတဲ့ နေရောင်အောက်က ဖုန်တွေရယ် မြင်မိတယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: