20
Apr
10

ပုတ္တသိနေဟ (၂)

သားကြီး…

မင်းကောင်မလေးကတော့ ခွေးဝမ်းသာအောင် လေလည်ပြနေပြီ

နှာစေး၊ ချောင်းဆိုး နဲ့ အဖျားပိုးမဝင်ဖို့က မင်းတာဝန်အရေး(၃)ပါး

မင်းပတ္တလားတွေသူယူတီးရင်…

သူ့လင်းကွင်းတွေ ပြန်တီးပေးခဲ့ရမယ်မှန်းတော့ မင်းသိတယ်မဟုတ်လား

အဆိုကောင်းလို့ စောင်းမလိုက်နိုင်လည်း

နှဲနဲ့ပဲ တည်းတည်းလေးမျှောလိုက်သွား…

ဟာ-မို-နီ-ကား ဆိုတာ

ကိုရီးယားလို မင်းကောင်မလေးကိုခေါ်တာမဟုတ်ဘူး

တစ်နေ့လာလည်း တောင်ကြီး…

တစ်နေ့လာလည်း ဖောင်စီး…

အဲဒါကိုပဲ အဟုတ်ကြီးထင်မနေနဲ့

ကျွမ်းကျင်ရာလိမ္မာပြီး မြိန်ရာမှာဟင်းကောင်းတတ်ဖို့လည်းကြိုးစားဦး

မင်းရွာလည်နေရင်တော့ ခမျာလည်း တိုင်ပတ်နေမှာပဲဆိုတာ မမေ့နဲ့

ကမ္ဘာကြီးက ကျဉ်းတော့ မင်းအမြင်ကျယ်ဖို့ လိုတယ်

အနူတောမှာ လူချောရတာထက်

အရူးနဲ့ အမူးကလွဲရင် အရူးအမူးပဲဆိုတာက သာပါတယ်ကွာ

မျော့မျော့လေးနဲ့ပဲ ကျန်ကျန်…

ပျော့ပျော့လေးနဲ့ပဲ နံနံ…

နှစ်ဦးနှစ်ဖက် အဟောသုခံဖို့သာ ပဓာနတရား။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဧပြီလ ၁၈ရက်


5 Responses to “ပုတ္တသိနေဟ (၂)”


  1. 1 garlic(temp)
    April 20, 2010 at 11:48 AM

    အရူးနဲ့ အမူး Vs အရူးအမူး is totally 2 different definitions. Wow.. didn’t notice that b4. u hv very strong sense of using the words and behind.
    btw.. good advise ( poem )..speaking of experience?? 🙂

  2. 3 garlic(temp)
    April 20, 2010 at 12:18 PM

    Awesome ! keep going poet. 🙂

  3. April 22, 2010 at 9:12 AM

    ကိုယ့်ပလွေသူယူမှုတ်ရင်..သူ့ဘာဂျာကိုယ်ပြန်မှုတ်ရမယ်ဆိုတာသိပါတယ်


Leave a reply to thoehtane Cancel reply


categories

archives