09
May
10

တောကြီးမျက်မဲ

ငါးတွေရဲ့သီချင်းသံကို တိမ်တွေသယ်လာသလို

သစ်ရွက်တွေ အကြွေများပြီး

ကတ္တရာလမ်းမတွေ ရေလိုက်လွဲစွာ ဖြောင့်ဖြူးတဲ့မြို့လေးတစ်မြို့မှာ

မနာလိုသမျှ တိုသွားလိုက် ရှည်လာလိုက် ၃၂ပါးသောအစုအဖွဲ့များထဲ

ဒုက္ခပါပဲဆိုတဲ့အကြောင်း ဒုက္ခတရားမသိအောင် ဘယ်လိုပြောကြသလဲ

စိတ်ဝမ်းကွဲပုံကအစ တစ်စိတ်ထဲတစ်ဝမ်းထဲ တိကျပြတ်ရှစွာ

နေထိုင်ပြုမူပြောဆိုဆက်ဆံမိတယ်

ဖွင့်ထားတဲ့အခန်းရဲ့ ပိတ်ထားတဲ့ မှန်ပြူတင်းကတစ်ဆင့်

တစ်ယောက်ကို တစ်ယောက် တကျော်ကျော်အော်ခေါ်နေတဲ့ မရှိဘူး နဲ့ မသိဘူး

တူနှစ်ကိုယ်ဆိုတာ ဘီယာဘူးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်တိုင်းထလာတဲ့အမြှုပ်တွေ

သွန်ချင်သွန် မှောက်ချင်မှောက် ဒီဘဝဒီလောက်ပါပဲဆိုတဲ့ ကိုယ်ကျင့်တရားကလည်း

မိသားဖသားပီပီ ဘာမဆီ ညာမဆိုင် ငါးမျှားချိတ်မှာ ချိုမိုင်မိုင်လိုက်ပြီပဲ

မိတ်ဟောင်း မိတ်သစ်အလိုက် မိရိုးဖလာ ရေကြည်ရာမြက်နုခြင်းများ

အမြို့မြို့အနယ်နယ်ရှိ ဆိုင်တိုင်းတွင် မေးဝယ်နိုင်ပြီဖြစ်ကြောင်း နေကောက်ပူလိုက်တော့

မိမိကိုယ်ကို ပြန်လည်မောင်းနှင်ရန် ချယ်လိုအိုအို ညနေခင်း အတိုအစအနများ

မိမိရရ မြိန်ယှက်စွာ ကျွန်ခံခဲ့သော နှစ်ပေါင်း ဘယ်ရွေ့ဘယ်မျှပြီ မသိ/မမြင်/မကြား

ချုပ်ရိုးမပြေခင် ကြိုတင်ဂုဏ်ယူခြင်း အစီအစဉ်များစွာကတော့

မိုးရွာပြီဆိုရင် ကျေးဇူးအထူးဖြင့် နဖူးပေါ်လက်တင် အားလုံးပျော်ရွှင်စရာပါ။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မေလ ၁ရက်


4 Responses to “တောကြီးမျက်မဲ”


  1. 1 ကြက်သွန်
    May 9, 2010 at 10:38 PM

    တောကြီးမျက်မဲထဲ စိတ် … ကျွံကျသွားတယ်

  2. 3 မိုးကျောက်
    May 10, 2010 at 12:37 AM

    ၃၂ ကောဋ္ဌာနထဲက တိုသွားလိုက်ရှည်လာလိုက် ဆိုတာဘာလဲ…


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: