10
May
10

တစ်ကိုယ်ရည်ရောင်

သစ်ပင်ဟာ

အလင်းကျရောက်ပုံအလျှောက် ဆန့်တန်းကွေ့ကောက်တယ်

အရေခွံထူလာတယ်

တစ်နေ့တစ်ခြား ကျွဲပါးစောင်းတီးပဲ

အရိပ်နေနေ အခက်ချိုးချိုး ဓါတ်ကြိုးနဲ့ မလွတ်လို့

သိတတ်စအရွယ်ကစ သူတော်ကောင်းပုဆိုးအဓမ္မအဝတ်ခံရလို့

ဟိုလူဒီလူ ဘောင်ဘင်ဝင်ခတ်ရအောင် ရေအိုးစင်အဆောက်ခံဖို့

စွန့်ပစ်ပစ္စည်းနဲ့ အချည်းအနှီးပူဇော်ပသရတဲ့ နတ်ကွန်းကို အဖီချဖို့

လှည်းနေလှေအောင်း မြင်းဇောင်းမကျန်သာလာယံကွပ်ပျစ်ကို အုပ်မိုးဖို့

အမေးနွားကျောင်းသားတွေအတွက် အရပ်ရှစ်မျက်နှာ ဖြာထွက်ဖို့

တဖွဲဖွဲကြွေကျလာတဲ့ သူ့အရိပ်နဲ့ ထိသမျှ ချွေးတိတ်စေချင်တယ်

နတ်တွေဝှက်ထားတဲ့ သူ့အသီးကို ဘယ်သူမှ မမြည်းလိုက်ရဘူး

သစ်ပင်က သူသေတော့မှ ပန်းတစ်ပွင့်ထပွင့်ပြတယ်

ဘယ်သူမှ မမြင်ဘူးတဲ့အရောင်နဲ့။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မေလ ၄ရက်


2 Responses to “တစ်ကိုယ်ရည်ရောင်”


  1. May 10, 2010 at 8:59 PM

    ဓါတ်ကြိုးကဓါတ်မလိုက်ရှာပါဘူးကွယ်….

  2. 2 pasta
    May 12, 2010 at 3:25 AM

    သူတော်ကောင်းပုဆိုးအဓမ္မအဝတ်ခံရလို့.. u can take it off, if it’s not belong to u 🙂


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: