12
May
10

ဟာလာဟင်းလင်း လွတ်လပ်ခြင်းအပြည့်

ကံဆိုးတဲ့နေ့ဆိုတာ

လိပ်စာမသိလည်း ရောက်အောင်လာတာပဲ

ဘယ်လိုသွေဖီမှုမျိုးနဲ့ဖြစ်ဖြစ် နီးစပ်ဖို့ အသင့်ရှိနေပါတယ်

ရိုးသားမှုရဲ့လက်များပေါ်မှာ တွယ်ကပ်ပေါက်နေတဲ့မှိုတစ်အုပ်ကို

သုတ်သင်ရှင်းလင်းလိုက်ပါပြီ

တချို့ကိစ္စတွေက သူ့စားရိတ်နဲ့သူ

တချို့ကိစ္စတွေက ကိုယ့်ထမင်းကိုယ်စား

အသင့်တင်သွင်းလာတဲ့နေရောင်ခြည်ကတောင်

ဟန်ဆောင်မှုနဲ့ အဖျားခတ်မိသေးတယ်

မိုးခါးရေသောက်လည်း ရှူးရှူးပေါက်တာပဲဆိုတော့

ကျွန်တော်တို့ကို အရူးလို့ပြောရင်

(မြွေမြွေချင်း ခြေမြင်တာဖြစ်လို့)

ခင်ဗျားတို့လည်း ဥမ္မတကောတာပါပဲ

ရှေ့ဆက်ရင်လည်း လွင်တီးခေါင်ပဲရှိမယ်

ဒီတောင်ကို မကျော်ကြပါနဲ့တော့

တကယ်တော့ ပျော်ရွှင်မှုဆိုတာ

ကိုယ့်ရင်ဘတ်ထဲမှာ ကိုယ်ပြန်ရှာရတဲ့ အရသာပဲမဟုတ်လား

မျက်စိကမြင်၊ နားကကြား၊လူကလျင်၊ အကင်းပါး

တည့်အောင်မောင်း အကျယ်ကြီးပဲ။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မေလ ၈ရက်


7 Responses to “ဟာလာဟင်းလင်း လွတ်လပ်ခြင်းအပြည့်”


  1. May 12, 2010 at 9:48 AM

    မိုးခါးတို့…လူမြင်သူမြင်ရေမသောက်ဝံ့အောင်ပါလား…သေးပေါက်တာလိုက်ကြည့်ရင်ဒုက္ခပဲ

  2. 3 ကြက်သွန်
    May 14, 2010 at 7:07 PM

    ဒီတစ်ပုဒ်နဲ့တင်ကိုယ့်ဆရာဖြစ်ထိုက်ပါတယ်လေ … 🙂

  3. 5 ဖုန်းမြင့်
    May 14, 2010 at 8:02 PM

    ကဗျာတွေ က ရေလည် မိုက်နေပါလား ဆရာ…း)
    (ကြက်ဆရာတော့ကြောင်ပေါ့နော်) ..း)

  4. January 15, 2011 at 8:05 PM

    Sometime, our feeling make us free. but not happy.
    On the other hand, we are happy, but not free.
    just a coin but sometime, we have a chance to choose one.

    FEEL IT YR POEM WITH HEART! 😉


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: