13
May
10

ကြယ်များဆီသို့

လျှပ်စစ်ဓါတ်စီးဝင်နေသော သတ္ထုပြားလွလွ အသံပြာလဲ့လဲ့မှာ

အာရုံခံလက်တံတစ်ခုကို ဆန့်ထုတ်ပြီး အဖြေကိုမြည်းစမ်းကြည့်လိုက်သည်

ကိုယ်ခန္ဓာမှ လျှပ်စီးပတ်လမ်းတလျှောက်စိမ့်ဝင်ပျံ့နှံ့သွားသော

ဆုံးစမထင် တိတ်ဆိတ်ပူနွေးနေသော ကြယ်တွေဝင်းပြက်တောက်ပနေပုံ

ဇီဝလွန်ရသနှင့်အာဟာရမှာ တဆတ်ဆတ်တုန်ခါ မြန်ဆန်လာနေသည်

အံ့ဖွယ်ဆွဲငင်အားတစ်ရပ်က ခန္ဓာကိုယ်ကို မျောလွင့်သွားစေတော့မယောင်

အဖြေထုတ်လုပ်မှု၊ ကုန်ကြမ်း၊ စွမ်းအင်ညီမျှကိန်း

ဆန်းကြယ်တဲ့ဘဝဆီက ရသအစိုင်အခဲ၊ အရည်၊ အငွေ့

ထိန်းသိမ်းရေးဘဏ်အတွင်း အပြင်းစားလျှပ်လှိုင်းတိုစနစ်အက္ခရာများက

ထိပ်တန်းလျှို့ဝှက်အဖြစ်ညွှန်းဆိုနေလေသည်

အရေးပေါ်ရိက္ခာအဖြစ် အအေးခံထားသော သင်္ချိုင်းကို

အာဟာရကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချသွားနိုင်ပါက

အာရုံခံလက်တံများ၏ ဇီဝဓါတ်ကျန်းမာသန်စွမ်းစေနိုင်သော

အကောင်းဆုံးဇိမ်ခံပစ္စည်းလည်းဖြစ် ပဋိဇီဝဆေးဝါးတစ်မျိုး

ဟိုး…မိုးအဆုံး မြေအဆုံး မိုးကုပ်စက်ဝိုင်းအဆုံး

ထူးခြားတဲ့အရသာပဲ။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မေလ ၁၂ရက်

နေမျိုး၏ တောင်ပူစာများကို လွန်မြောက်ခြင်း (အအေးလွန်ရာစုနှစ် နှင့် အခြားဝတ္ထုတိုများ) မှ

ကောက်နှုတ် တပ်ဆင် တင်ဆက်သည်။


0 Responses to “ကြယ်များဆီသို့”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: