31
May
10

လူကြီးမင်းတို့ဆီ မကြာမီ ရောက်ရှိလာမည့်အရာများ

၁ဝ၈လက်မအရည်ကြည်ဖန်သားပြင်ပေါ်တွင်

ဂျပန်ရေချိုးသလို ရောင်ပေါင်းသန်းခြောက်ဆယ်ရုပ်မြင်သံကြားစက်

(အိုဘားမားနှင့် မိုးလှိုင်ညကိုဂုဏ်ပြုသောအားဖြင့်ထုတ်လုပ်သော

Black & White Black Limited Editionကို သီးသန့်မှာယူပါရန်

မှတ်ချက်။ ။ Night Vision ဖြင့်ကြည့်ရန်လိုမည်)


အိမ်မြှောင်၊ ပိုးဟပ်၊ ခြင်၊ ယင်၊ ကြွက်နှင့် ပုရွက်များပါမကျန်

နားနိဗ္ဗာန်စံမည့် အတွင်းစည်း၊ အပြင်စည်း အသံထိန်းချုပ်ဖြန့်ဝေစနစ်

(တစ်တက်စားလည်းကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်ဆိုသူများအတွက်

“ဟိုက်…ရှာလပွတ်ရည်” တစေရမည်)


ခလုပ်မပါ တို့ထိရန်မလို၊ အရိပ်ပြလျှင်အကောင်ထင် လက်ကိုင်ဖုန်း

ဟဲ့…ဖုန်း ဟုငေါက်က မှန်လှပါဘုရားဟုဖြေသည်

(Mr.ဖုန်းမြင့် ရှေ့တွင်ငေါက်မိပါက သံမဏိလက်သီး အမြည်းမခံရကြောင်း အာမ မခံ)

ငါကိုယ်တော်မြတ် ရေဆာသကွယ်ဟုဆက်ပြောက

GPSစနစ်ဖြင့် အနီးဆုံးဘီယာဆိုင်ကိုညွှန်ပါလိမ့်မည်


အတိုသွင်းချင်ပါသလား၊ အရှည်သွင်းချင်ပါသလား

ကောက်ချင်ကောက်၊ ဖြောင့်ချင်ဖြောင့်၊ ထောင်ချင်ထောင်၊ လှဲချင်လှဲ၊ ပေါင်းချင်ပေါင်း

ဆံပင်ပုံစံပေါင်း တစ်သိန်းခြောက်သောင်းကျော်

အလိုအလျောက် ခုတ်ထစ်ဖြတ်တောက်ဆန့်ကောက်ပုံသွင်းပေးနိုင်သော ဆံသစက်

(ရုပ်ချောကံခေ ဆံရှည်ဘိုးတော်တေလေနှင့် လင်းနီညိုအတွက်

အီမို၊ ပန့်ခ်၊ အော်လထာ…လာချင်တာလာရော့လဟယ်)


အကောင်ကြီးပြီးအချိန်မစီးသော်လည်း

အနန္တစကြဝဠာအပြင်ဖက်ထိ ထလက်နေမည့် စိန်လော်ကက်သီးများ

(နားတစ်ဖက် လက်လက် လက်လက် ဖြစ်နေသော လင်းရမ္မာနှင့် ဇာတိတို့

သူများထက်ထူးပြီး နဖူးတွင် နားထပ်ပေါက်ပါက သိုးထိန်းမှ တစ်ယောက်တစ်လုံးစီ ဝယ်ပေးမည်ဟု ကြားသိရ)


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မေလ ၂၉ရက်

မိတ်ဆွေရောင်းရင်းတွေရဲ့ နာမည်တွေတပ်ပြီးရေးထားကြတဲ့ ဟာသဝတ္ထု တို/ရှည် မျိုးစုံမကြာမကြာဖတ်မိနေတာနဲ့ အားကျမခံ ကဗျာတစ်ပုဒ် လုပ်စားလိုက်ပါတယ်။ ညီအစ်ကိုတော်များ ဝိုင်းပြီး ချောင်းမရိုက်လောက်ဟု ယူဆပါသည်။


5 Responses to “လူကြီးမင်းတို့ဆီ မကြာမီ ရောက်ရှိလာမည့်အရာများ”


  1. May 31, 2010 at 7:46 PM

    မိုးလှိုင်ညကို ဂျပန်ရေချိုးသလို မကြည့်ချင်ပါကြောင်း၊ ဖုန်းမြင့်ကို GPSမလိုအရှင်လတ်လတ် ဘီယာဆိုင်ပို့ခိုင်းချင်ပါကြောင်း၊
    တေဇာနှင့်လင်းနီညိုကို အတိုရော အရှည်ရော မသွင်းချင်ပါကြောင်း၊ လင်းရမ္မာ နှင့်ဇာတိ တို့၏နဖူးတွင် ပေါက်မည့်အကြောင်းအရာမှာ နားဖြစ်ကြောင်းသိရသဖြင့် အပေါက်ပါ၍ ကြိုဆိုပါကြောင်း

    • June 1, 2010 at 7:35 AM

      hahahaa
      thanks goodness i didnt write about myself :p

    • June 1, 2010 at 4:20 PM

      လင်းရမ္မာတွင် ပေါက်လာမည့် အပေါက်မှာ အပ်ပေါက်ရာသာသာ ဖြစ်ပြီး… နှာမောင်းကဲ့သို့ရှည်ထွက်လာပါက လူကြီးမင်းတို့၏ ပိုမိုကျယ်ပြန့်သောအပေါက်များအငြိမ်နေရမည်မဟုတ်ကြောင်း…. 😛 (ဒူးတော့ မထောက်ဘူး) ဒူးခေါင်းပြဲနေတယ် 😛

  2. 4 phone myint
    May 31, 2010 at 7:56 PM

    ချောင်းရိုက်မယ် ( အခွေ )…..သိုးဟေကို ဆိုပြီး ဖြန့်ပစ်မယ်း)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: