01
Jun
10

ချယ်ရီယို

အဆက်အသွယ်ဖြတ်လိုက်ခြင်း၏ ကရိကထနှင့် ဒုက္ခများပုံမှာ နောင်အခါဘယ်တော့မှ မလာပါနှင့်၊ ဘဝသစ်စပြီ၊ ကံကောင်းပါစေ၊ ခွင့်ပြုပါ…ချာခနဲလှည့်ထွက်ရန်သာဖြစ်သော်လည်း မနှဲလေးပက်ကျိစီးသော အသံစာစာ မျက်ရည်မာလကာသီးများ ဝါးစားရန်လည်းမဖြစ်…ခဏလောက်တော့ခွင့်ပြုပါကွာကို ဘယ်လိုငြင်းဆန်ပါမည်နည်း။ အမျိုးသမီးများ သည်းထန်လှိုက်ဆူစွာ ငိုကြွေးသောအခါ ငိုကြီးချက်မ၊ အမျိုးသားများအတွက်မူ ငိုကြီးချက်ထီး။ ဆိုလိုရင်းမှာ မျက်ရည်တို့သည် ချက်ခွက်မြုပ်သည်အထိ ချင်တွယ်ရရှိသည်ဟူဘိ။ အသက်တစ်ရာမနေရငြား အချစ်တစ်ရာပွေကောင်းပွေရနိုင်သည်မို့ သောက်လေသောက်လေငတ်မပြေ ပင်လယ်ရေသူဖိုမတို့ ဆက်ဆံရေး ရိက္ခာသွေးလေမှန်ကန်လျက် ဝေ့လျှံတက်လာသော မလိုင်ဖတ်ကလေးကို လျှာဦးဖြင့် တို့ဆော့မြှူကာ ရှလူးဟု စုပ်သွင်းမျိုချ ပီတိဂွမ်းဆီထိရသောမနသမှာ အဖန်ငါးရာ၊ ငါးကမ္ဘာမက တွင်းဆုံးပင်ကျစေ့။ မာတာပီတု ဂုဏောအနန္တော လျှောလျှောလျှူလျှူကြည်ဖြူသောအခါ တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးကိုရွေး ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ်သို့ရောက်ရာ၏။ လက်တွေ့တွင်မူကား ရန်သူမျိုးငါးပါး၊ လက်ဦးဆရာမည်ထိုက်စွာများ၊ ပို၍သာ(သည်ဟုထင်ရ)သောဆန့်ကျင်ဖက်များ၊ ရင်ကြားစေ့မရသော ပဋိပက္ခများ၊ ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ တနည်းအားဖြင့် တစ်ဖက်ဖက်က စိတ်မပါတော့တာကြောင့် မောင့်အချစ်မြှားစူး (မပဋာမြေလူး) ရူးရပြီကောလေ…ငါ့ရဲ့ အသည်းထဲက အတွင်းကြေ…မိန်းမနဲ့ပတ်သက်လာရင် အမြဲတမ်းပဲကံဆိုးနေမယ်…အခုလိုပြောတာ မချစ်လို့ မဟုတ်ဘူးနော်…ကိုပေါလို့အများခေါ်တယ်။

သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မေလ ၃ဝရက်


4 Responses to “ချယ်ရီယို”


  1. June 1, 2010 at 9:37 AM

    ပုဆိုးကို တန်းတင်တဲ့အခါ အတွင်းခံဘောင်းဘီ ပါရဲ့လား

  2. June 2, 2010 at 12:20 AM

    ချယ်ရီယို သဘောကျတယ်း)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: