02
Jun
10

ကွန်ဆာဗေးတစ်ချစ်မိတ်ဆွေများထံကောင်းချီး

စကားလုံးတွေရဲ့ အခင်းအကျင်း၊ အနက်အဓိပ္ပါယ်၊ အသွားအလာ မတော်ရသေးတဲ့ယောက္ခမကြီးရဲ့မျက်နှာနဲ့ ယောက္ခထီးကြီးရဲ့ဖြီးနေတဲ့သွားများ၊ အရိုးကြည့်ရှောင်ရပုံ ချစ်သူရဲ့ စိန်ကဲကျောက်ကဲ တစ်နေရာတည်းမဟုတ်တဲ့ ရှုထောင့်အပေါင်းများ ခေါင်းတခါခါ ရင်တမမ သက်ပြင်းတွေ နည်းဘူးကြီးချလို့ ရှေ့နောက်တောင်မြောက် အရိပ်သုံးပါး ကြားသားမိုးကြိုး ချုပ်ရိုးပြေအစများ အမယ်ဘုတ်ချည်ခင်ရာနောက် လှေကြီးထိုးရိုးရိုးလို့မရမက ဒိုင်ယာလက်တစ် ချည်းလည်းမဖြစ် ထွိုင်ယာလက်တစ် လက်သစ်လက်ဟောင်း ပေါင်းစုဖော်စပ် (၉၆)ပါးနဲ့ နောက်တိုးများပါမကျန် ပျော်ရွှင်ကျန်းမာ ပျားရည်လည်းသောက်သင့်သလောက်သောက် ရှဥ့်လည်းလျှောက်ပါစေ ကဗျာရေးတယ်ဆိုတာ ကိုယ့်ဘာသာရဲ့အယူအဆ မတူကြ တူကြတာ သူ့လမ်းသူသွား ရထားစီးစီး၊ ကားစီးစီး တတ်နိုင် လေယာဉ်စီးစေဦးတော့ လမ်းလျှောက်ချင်လျှောက်ပေမပေါ့ စောင်းပဲတီးတီး သံစုံတီးဝိုင်းကြီးပဲလာလာ ပျော်ရွှင်ကျက်စားရာ စားကျက်မြေမစွန့်နိုင်သရွေ့ လှိုင်းရွေ့တာချင်းမတူ ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တာချင်းတူပေတဲ့ ပေါက်နေတဲ့လှေကြီး ဆက်လို့ပင်စီးရင်း ဆင်သေကောင်ကြီးထံတည့်တည့် ဘွန်ဗွိုင်ရာ့ခ်ျ။

သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မေလ ၃၁ရက်


2 Responses to “ကွန်ဆာဗေးတစ်ချစ်မိတ်ဆွေများထံကောင်းချီး”


  1. June 2, 2010 at 7:20 PM

    အရိုးကြည့်ရှောင်တဲ့ချစ်သူက အရိုးမပါတာတော့ မရှောင်လောက်ဖူးထင်တယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: