08
Jun
10

အခွံတော်ထမ်း

ဘယ်လိုမှ မရောက်ရှိတဲ့ တကယ့်ဘဝ

တွေ့ရှိတာ ပင်စင်စားမသိမှုတွေ

ဆင်ပေါ်တက်ပြီး ကိစ္စပြီးလိုက်တာပဲ

မင်းကြည့်ရတာ မွန်းကျပ်လိုက်တာကွာ အခု

ဒုက္ခထဲမှာ တည့်တည့်လာနေပါပြီ သေချာတယ်ဆို

အရင်လိုပဲ ငါ့ကိုလှုပ်ပြီးသောက်ပါ

ဆာလောင်မှုဟာ ပျော့တိပျော့တွဲ

အကြင်နာတရားမဲ့နေတဲ့သူပါ

ပလာစီဘိုပါ၊ လှုပ်ပြီးမှ သောက်ပါ

မင်းပဲဖြတ်လျှောက်၊ မင်းပဲမီးထိုး၊ ငါတို့ လက်ဖက်ရည်ဖိုးလည်း မင်းတစ်ယောက်ထဲယူ

တစ်ခုခုကို ရှောရှူဖို့၊ တစ်ခုခုကို သဘောတူဖို့၊

တစ်ခုခုကို တည်နေရာနဲ့ အဟုန် တပြိုင်တည်းတွက်ချက်ဖို့၊ ကြိုးစားဖို့ပါ

လှုပ်ပြီးမှ သောက်ပါ

အဆင်သင့်ပါပဲ၊ ဆင် အသင့်ပါပဲ၊ ပြီးလိုက်တာပါပဲ

မွန်းကျပ်ကြည့်ဖို့ပါ

သေချာတယ်ဆိုရင် အရင်လိုပဲ အရင်မလိုပါနဲ့

ပျော့တိပျော့တွဲနေလို့ပါ၊ လှုပ်ပြီး သောက်ပါ

ဒုက္ခပလာစီဘို

တကယ့်ဘဝထဲ တည့်တည့်လာနေပြီ

မင်းကြည့်ရတာ ပင်စင်စားပဲ

အကြင်နာတရား ဘယ်လိုမှမရောက်ရှိတဲ့ တကယ့်ဘဝပဲ

တစ်ခုခုကို တွေ့ရှိတာပဲ၊ တစ်ခုခုကိုပဲ မသိမှုတွေ

ဒုက္ခထဲ မင်းပဲမီးထိုး၊ ဒုက္ခထဲ မင်းပဲဖြတ်လျှောက်၊ မင်းတစ်ယောက်တည်း ဒုက္ခ

မစင်စား သိမှုပင်တွေ တည့်တည့်လာနေပြီ

လှုပ်ပြီးမှ တပြိုင်တည်းသောက်ပါ

ဆင်ပေါ်တက်တာလား၊ စင်ပေါ်တက်ပါ

ဘယ်လိုမှ မရောက်ရှိတဲ့ငါ့ကို မင်းကို

ရှောရှူဖို့၊ သဘောတူဖို့၊ တွက်ချက်ကြိုးစားဖို့ပါ

လက်ဖက်ရည်ဖိုးလေးပေါ့၊ ငါတို့ အဆင်သင့်ပဲ

ပြီးလိုက်ရတာ ဆာလောင်မှုဟာ မင်းပဲ ငါပဲ။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဂျွန်လ ၄ရက်


4 Responses to “အခွံတော်ထမ်း”


  1. June 8, 2010 at 10:42 AM

    ပျော့တိပျော့တွဲ နေလို့ ရှေ့ထိုးနောက်ငင် လှုပ်ကြည့်တာ ..မာတော့မာလာတယ်..

  2. 3 phone myint
    June 8, 2010 at 5:00 PM

    ပင်စင်စားပဲ လက်ဘက်ရည်ဘိုးပဲ ဆင်ပေါ်တက်ပြီး စင်တော်ကောက်လိုက်ရတဲ့ မင်းပဲ ငါပဲ ဆာလောင်မှုဟာ
    ပလာစီဘိုပဲ .. သောက်ပြီးသွားရင်လဲ ဘော်ဒီကို ထပ်လှုပ်လိုက်ပါ ..း)

  3. June 8, 2010 at 10:42 PM

    မင်းကြည့်ရတာ မွန်းကျပ်လိုက်တာကွာ အခု
    ဒုက္ခထဲမှာ တည့်တည့်လာနေပါပြီ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: