11
Jun
10

အမှောင်ထဲမှာဆိုရင်တော့ ကြောင်တိုင်းက အမည်းချည်းပဲ

အခုလို ငါ့စကားတွေနွားရလာတဲ့အခါ

ငါ့ကဗျာလယ်ကွက်ကလေးက ကွမ်းဘယ်နှယာဝါးမှ ညက်မယ်ဆိုတာ

မေးပါများလို့ ရလာတဲ့စကားတွေအတွက် ဇာတိမပြချင်လို့

အရေးအသားဖက်ပြောင်းလာရတယ်ဆိုတာ

သူကောင်းဖြစ်တာ မဖြစ်တာ ငါ့အလုပ်မဟုတ်ဘူးဆိုတာ

ဒါ တောပြောင်းနည်းအသစ်လို့ မင်းထင်ချင်လည်း ထင်နိုင်တာပဲဆိုတာ

မင်းနဲ့ငါ ငါးမတူတော့ကာ

အချဉ်၊ အငန် ကိုယ့်စိတ်ကြိုက် စီမံဖန်တီးလွတ်လပ်နိုင်ရမယ်ဆိုတာ

အရေးကြီးတာက နန်းတော်အောက်မှာ ခွေးမွေးသလို မဖြစ်ကြဖို့ဆိုတာ

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာမ်တဲ့အခါ နာမ်လာမှာပဲဆိုတာ

ကိုယ့်ဇာတ်ဝင်ခန်းနဲ့ကိုယ် ကိုယ့်ငိုချင်းနဲ့ကိုယ် ရေစီးကမ်းပြိုတတ်ဖို့ဆိုတာ

ခေတ်ရဲ့တောင်းဆိုမှုအရ မိသားစုများ ပြန့်ကျဲဝေးကွာလာကြတယ်ဆိုတာ

မနေ့တစ်နေ့ကမှ တောကတက်လာတဲ့ အနုပညာ

ဒီကနေ့ အောင်မြင်ကြော်ကြား ကိုရီးယားမင်းသားဖြစ်နေတယ်ဆိုတာ

ဘာသာစကားကို ဘယ်လိုစင်ထိုးပြီး ဘယ်လိုပိုးသတ်ဆေးသုံးရမယ်ဆိုတာ

ကဗျာဗေဒတစ်ခုမှ တစ်ခုသို့ အခွံချိန်းရန်အတွက် အခွန်ဘယ်လောက်ဆိုတာ

ရုတ်တရက် ပါးဖြတ်ရိုက်ခံရရင် ဘယ်လိုပြင်ဆင်တုန့်ပြန်ရမယ်ဆိုတာ

ဖန်တီးမှုဧရိယာတလျှောက် အပူလှိုင်းကျရောက်လျှင်

ရေပြတ်လပ်မှုကို ဘယ်လိုကာကွယ်ရန်ဆိုတာ

သိမှုထဲလေကြီးမိုးသဲပြီး ဟောင်းလောင်းပေါက်ကြီးဖြစ်သွားခဲ့သည်ရှိသော် ဆိုတာ

ကဗျာဖလားပွဲအတွင်း ယုံကြည်ရာကန်သွင်းခွင့်ရှိသင့်သည်ဆိုတာ

အလုပ်အပ်တာ၊ အလုပ်ရွေးတာ၊ အလုပ်လိုတာ၊ အလုပ်ပိုတာ၊

အလုပ်သင်တာ၊ အလုပ်ဖျင်တာ…

အလုပ်ကို အလုပ်လို လုပ်ပြနေတာ အလုပ်ကိုမဟုတ်ဘူးဆိုတာ

တဖက်သတ်မြင်လိုက်၊ တဖက်သတ်ကန်းလိုက်ဆိုတာ

ခုလက်ခလယ်ဖြစ်လိုက်၊ ခုလက်ဘေးထိုးဆင်းသွားလိုက်ဆိုတာ

ကြည့်…ကြည့်… ဟောခု ခြေမကောက်စုပ်တော့မယ်

ဘယ်…ညာ…ဘယ်…ညာ…ဘယ်…ညာ…။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဂျွန်လ ၁ဝရက်


4 Responses to “အမှောင်ထဲမှာဆိုရင်တော့ ကြောင်တိုင်းက အမည်းချည်းပဲ”


  1. June 11, 2010 at 12:02 PM

    hey Bro, ဆယ်ကြောင်းမြောက်က ပထမ (နာမ်) ဟာ န သေးသေးတင် (နံ) မဟုတ်ဘူးလား။ ရေးမှုပြုတတ်တာကို အလေးပြုရပါ၏။ ကဗျာဆရာ ညီနိုင်က အမှောင်ထဲမှာ အရောင်မရှိဘူးလို့  ရေးခဲ့ဖူးတယ်။ သူက အခု မြန်မာပြညိမှာ လူအိမ် ဖြစ်နေပြီ။ လိုက်ရှာဖတ်ကြည့်လိုက်။ မိုက်တယ်။

  2. June 11, 2010 at 1:04 PM

    it should have been (နံ) bro.
    but in order to be playful i used (နာမ်). 😀
    will try to find that poet’s stuff bro.
    thanks for the info.
    btw: the title is not mine. got it from a book. but couldnt remember it at the mo.

  3. June 11, 2010 at 11:30 PM

    ဘုရား..ဘုရား..အနေအထိုင်ဆင်ခြင်မှ…ခြေမဆိုပြီး……


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: