28
Jun
10

လူပျောက်

သူ့နာမည်က သေချင်းဆိုး မျိုးကန်းသွားမယ်

သူ့နာမည်က ချယ်ရီကိုသာ ပန်ပါကွယ်

သူ့နာမည်က ဘမျိုးဘိုးတူ

သူ့နာမည်က ဘူးသီးနုနုမခူးရ

သူ့နာမည်က တစ်ခါတည်းပါကွာ

သူ့နာမည်က ပန်းကလေးလို လှနေတာပဲကြည့်ချင်ပါသည်

သူ့နာမည်က ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ

သူ့နာမည်က ဖေဖေ…မေမေ…ကျွန်တော့်ကို စိတ်မပူနဲ့

သူ့နာမည်က ပွဲလန့်တုန်းဖျာခင်း

သူ့နာမည်က ငါ့မြင်းငါစိုင်း စစ်ကိုင်းဘယ်သွားသွား

သူ့နာမည်က သဘောတော့ကောင်းတယ် ဓါးထိုးပက်စက်တယ်

သူ့နာမည်က ရိုးရာအော်ပရေးရှင်းတစ်ခု

သူ့နာမည်က ကောင်းကင်ဘုံရှိ အလုံးစုံသော ဝီစကီများ

သူ့နာမည်က အိုင်လပ်ဖ်ယူမေရီဂျိမ်းစ်

သူ့နာမည်က ချုံထူမှ ယုန်ဖြူရ

သူ့နာမည်က ငရဲကျတဲ့ည တွေ့ဦးမလား

သူ့နာမည်က ယောက်ျားတို့၏ မတွန့်မရွံ့စွန့်စားမှုဖြင့်ရောက်ထိုက်၏

သူ့နာမည်က ဆက်သွယ်သန္တိ မမြဲသောရုပ်နာမ်ပြောင်းလွဲသည့်နှယ်

သူ့ရုပ်က အီမိုတစ်ကောင် အိုးမည်းသုတ်ပြီး အီးမှန်ခံထားရသလို

သူ့အသက်က လိင်စိတ်တွေ ပတတ်ရပ်တဲ့အရွယ်

သူ့ကျွမ်းကျင်မှုက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာ

သူ့နောက်ဆုံးဝါကျတွေ အရ …

ငယ်ချစ်ဦးဆိုတာ လေ့ကျင့်ရေးမဆင်းလိုက်ရတဲ့ဘောလုံးကွင်းပါပဲ

မြက်ပင်တွေသန်စွမ်းရှည်လျားစေမယ့် မိုးလေဝသစကားကို နားမလည်ခဲ့ပါဘူး

ရာသီ(အလိုက်)ပန်းတွေပွင့်ခဲ့ဖူးတာသေချာသလိုပဲ

အသည်းကွဲတယ်ဆိုတာ လိုအပ်ချက်တစ်ခုမဟုတ်လား

သွေးကစကားပြောပါတယ်

နာမည် နာမည်နဲ့ …

အခုတော့လည်းမေ့လျော့ခဲ့ပါပြီ။

သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဂျွန်လ ၂၆ရက်


6 Responses to “လူပျောက်”


  1. June 28, 2010 at 2:09 PM

    မြန်မာစာတွေရော ဘိုစာတွေရော ဘယ်လိုရောထွေးရေးတာ မိုက်တယ်…အားကျပါသည်..အားပေးပါသည်.. ကျနော်လည်း အရေးအသားတွေနဲ့ ဝေးဝေးလာပြီ… ပြီးတော့ မူးရင် ရေးပြီးသားတွေပြန်ပြန်ဖျက်လိုက်တာ အဆိုးဆုံးပဲ။

  2. June 30, 2010 at 5:53 AM

    လေ့ကျင့်ရေးမဆင်းလိုက်ရတဲ့ ကွင်း= ငယ်ချစ်ဦး
    ခနခန လေ့ကျင့်ရတဲ့ကွင်း = ?

  3. September 11, 2010 at 11:14 AM

    “ငယ်ချစ်ဦးဆိုတာ..လေ့ကျင့်ရေး မဆင်းလိုက်ရတဲ့ ဘောလုံးကွင်းပါပဲ”
    ဆိုတော့…ကဗျာကို…ကြွေသွားတာ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: