07
Jul
10

အချစ်သည် အချစ်ကို ချစ်ရန် ချစ်၏

တချို့က အချစ်ဆိုတာ တွင်းအောင်းသတ္တဝါတစ်မျိုး

တချို့က အချစ်ကို ပင်လယ်မှာ ထွက်ဖမ်းရတယ်

တချို့က အချစ်ဆိုတာ ကျောက်ဆောင်တွေထက် အသိုက်ဖွဲ့နေတတ်တဲ့ ငှက်တစ်မျိုး

တချို့က အချစ်ဆိုတာ ကုန်းတွင်းသတ္တဝါပါ

တချို့က အချစ်ဆိုတာ သစ်ပင်မြင့်တွေ ခွဆုံထက် တွယ်ကပ်ပေါက်နေတဲ့ပန်းတစ်မျိုး

အချစ်ဆိုတာ ရာသီစာပဲ

အချစ်ဆိုတာ အလေ့ကျပေါက်ပင်

အချစ်ဆိုတာ မြေလျှိုးမိုးပျံ

အချစ်ဆိုတာ ဆင်ပြောင်ကြီး အမြီးကျမှတစ်

အချစ်ဆိုတာ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး

အချစ်ဆိုတာ ခဲမှန်ဖူးတဲ့ စာသူငယ်

အချစ်ဆိုတာ ဘယ်ဖက်နားကဝင်ပြီး ညာဖက်နားက ထွက်သွားတာ

အချစ်ဆိုတာ မြေဝယ်မကျ

အချစ်ဆိုတာ ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ

အချစ်ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်

အချစ်ဆိုတာ မဖတ်ရသေးတဲ့စာအုပ်တစ်အုပ်

အချစ်ဆိုတာ ငါ့သမီးစာကျက်နေတယ်

အချစ်ဆိုတာ အစိမ်းစားရတယ်။ ကျက်သွားရင် မကောင်းဘူး။

လတ်လတ်ဆတ်ဆတ်မိလာတဲ့ အချစ်စိမ်းစိမ်းလေးအပေါ်ကို

သံပုရာသီး တစ်စိတ်၊ နှစ်စိတ် ကောက်ညှစ်ချလိုက်ပြီး တဖြည်းဖြည်း အရသာခံမြည်းကြည့်စမ်းပါ။

အချစ်ဆိုတာ ကြာလေငန်လေပဲ

ရေစင်အောင်ဆေး၊ သံပုရာသီးလေးထပ်ညှစ်…



သိုးထိန်း (အန္တိမ)


5 Responses to “အချစ်သည် အချစ်ကို ချစ်ရန် ချစ်၏”


  1. 1 dirtydoughnut
    July 8, 2010 at 3:59 AM

    if u don’t mind,i wanna add my fav quote for love*************the myst3ry of love is greater than the mystery of death*************

  2. July 9, 2010 at 5:59 AM

    _ရေစင်အောင်ဆေး၊ သံပုရာသီးလေးထပ်ညှစ်…_ Aလားဂျစ်တော့ ဂရုစိုက်ဆရာ။ အဲ့တစ်ကွက်တော့ ရှိတယ်နော် 😀

  3. July 9, 2010 at 7:58 AM

    ae. 1 khu pae yay gee tae lay. :p

  4. July 15, 2010 at 6:02 AM

    ဟုတ်ကဲ့…….ကျွန်ုပ်ပိုင်ဆိုင်သောအချစ် ၏သင်္ကေတကြီးမှာ တွင်းအောင်းသတ္တဝါဖြစ်ပါသည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: