13
Jul
10

၂ ပုလင်းခန့်ကြာသောအခါ

ရေခဲခွက်၊ ဂျင်ပုလင်းနဲ့ တော်နစ်ရေဟာ လက်ပြောင်းရင်း အချစ်အကြောင်းရောက်သွားတယ်

အသည်းသမားတော်ကတော့ ပြောပိုင်ခွင့်ရတာပေါ့

အဆက်မပြတ်လည်းပြောနေတယ်

ခွေးကောင်မ… နင့်ကိုငါချစ်တယ်… နင့်ကိုငါချစ်တယ်

မမူးတဲ့အခါမှာတော့ လုပ်ပုံ၊ ကိုင်ပုံ၊ နေပုံ၊ ထိုင်ပုံက သိပ်ပိရိတာပဲ

တစ်သက်မှာ ဒီတစ်ကြိမ်တော့ဖြင့် ပါးစပ်ပိတ်ထားစမ်းပါ

အဲဒီတုန်းက အချစ်ဆိုတာဟာရှိနေတယ်

အဲဒါတော့ သေသေချာချာ သိဖို့လိုတယ်

သံပုရာခြမ်းတွေ ဂျင်ထဲ ညှစ်လိုက်တယ်၊ ရေခဲတုံးတွေကို လက်ညှိုးနဲ့ မွှေလိုက်တယ်

ဘာချော့စရာရှိလို့တုန်း ဒါအချစ်အတွက်ပဲဟေ့

ပြောချင်တာ အဲဒါပဲ ကြွက်သတ်ဆေးသောက်လိုက်တယ်

နင်ချစ်သလိုတော့ သူမချစ်ဘူးပေါ့ ဒါပေမယ့် သူချစ်တာတော့ လက်ခံတယ်မဟုတ်လား

မှန်တယ် အချိန်သိပ်မရှိတော့ဘူး အခြားလူတွေအမြင်မှာတော့ မမှန်ဘူး

ကြောင်အိမ်ဆီသွားတယ်၊ နောက်ထပ်တစ်ပုလင်းထုတ်လာတယ်

အားလုံးက သဘောကျသွားကြတယ်

အချစ်အတွက်လို့ သံပြိုင်ဆိုလိုက်ကြတယ်

ရေခဲတုံးတစ်တုံးနဲ့ သံပုရာသီး တစ်စိတ်ထည့်လိုက်တယ်

တခြားသတ္တဝါတစ်မျိုးမျိုးအတွက် သူ့ရှိနေတဲ့အတိုင်း ခင်တွယ်မြတ်နိုးတဲ့ စိတ်ရှိနေတယ်

ရုပ်ပိုင်းဆိုင်ရာ တပ်မက်မှုဖြစ်နေတယ်

တစ်ယောက်နဲ့တစ်ယောက် မချစ်ကြခင် အခြားတစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးကြတာပဲ

ချစ်စရာ တစ်ယောက်ယောက်တော့ တွေ့ခဲ့မှာပဲ

ဘယ်သူများ အချစ်အကြောင်း တကယ်သိလို့တုန်း

ဝေဖန်နေတာမဟုတ်ဘူး မသိဘူးဆိုတာကို ဝန်ခံနေတာ

ကျိုးပဲ့နေတာ အတွင်းရော အပြင်ရောဆိုတော့ သေချာဆုံးဖြတ်ဖို့ မလွယ်တော့ဘူး

ဒီလိုဟာမျိုးကလည်း အတော်ကြာမှ တစ်ခါလောက်ကြုံရတာ

တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အလုပ်ကျွေးပြုနေရတာပဲ မဟုတ်ဘူးလား

ဖန်ခွက်ထဲက ရေခဲကို လက်ညှိုးနဲ့ ကစားနေတယ်

အခန်းထဲက အလင်းရောင်ပြောင်းသွားတယ် အရိပ်ကျနေပုံက မတူတော့ဘူး

တစ်ယောက်တစ်မော့စာလောက်ပဲကျန်တော့ အားလုံးရဲ့ နှလုံးခုန်သံကို ကြားလာမိတယ်

အခန်းက မှောင်လာတာတောင် တစ်ယောက်မှမလှုပ်ရှားမိကြတဲ့အသံ။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဇူလိုင်လ ၁၂ရက်

ref: Raymond Carver – What We Talk About When We Talk About Love [translated by Myint Than]


2 Responses to “၂ ပုလင်းခန့်ကြာသောအခါ”


  1. July 15, 2010 at 5:56 AM

    လက်ညှိုးနဲ့မွှေ၇န် အကြောင်းအရာတခု လိုအပ်ပါသေးသည်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: