ငါကန်လိုက်တဲ့ ဒုက္ခတရားဟာ ငါ့ခြေဖဝါးကို မေးဖျားနဲ့ လာလာပွတ်သပ်နေသလို သေခြင်းဆိုးဟာ ဘာဖြစ်လို့ ဒီအလုပ်ကို အဖန်တလဲလဲလုပ်နေရတာလဲ။ စူပါသောက်ရင် မင်းဖြစ်ချင်တာ ပြီးမြောက်တာပဲမဟုတ်လား။ လူအဖြစ်ကိုရပြီးနောက်တော့ ဘာကိုမှကြောက်စရာမလိုတော့ပါ။ အပ္ပဋိမော – နှိုင်းယှဉ်စရာ ဥပမာလည်းမရှိ။ ဖျက်ချဖို့မကြိုးစားကြပါနဲ့။ ဒါဟာ ကိုယ်ဝန်မဟုတ်ဘူး။ ရေမျောကမ်းတင်ဆိုတာ အရာရာကို အောင်မြင်တာပဲ။ တကယ့်တကယ်တော့ ကမ္ဘာကြီးကလုံးပြီး ဦးဏှောက်တွေက ပြားနေခဲ့တာ။ ခွေးလိုအူနေကြတယ်။ အစွယ်တွေသွေးနေကြတယ်။ လက်ဖဝါးတွေ ယားလာပြီ။ မျက်ခုံးမလှုပ်ပါနဲ့ကွာ။ မျောက်သစ်ကိုင်းလွတ်နေကြတယ်။ လက်သည်းတွေ ဝှက်နေကြတယ်။ နဖူးတွေ့ဒူးတွေ့ ဖြစ်လာပြီ။ ကျောသားရင်သား မခွဲခြားပါနဲ့ကွာ။ အမျိုးခုနှစ်ဆက်တိုင်အောင်ဟူသည်ကား ၁။သား ၂။မြေး ၃။မြစ် ၄။တီ ၅။မျှော့ ၆။ကြွတ် ၇။ဆပ်။ အထက်ခုနှစ်ဆက်ယူမူကား ၁။အဘ ၂။အဘိုး ၃။အဘေး ၄။အဘီ ၅။အဖွေး ၆။အဖွဲ ၇။အဖော် ဤခုနှစ်ဆက်ကိုယူ။ [ပါဋ္ဌနိသျှ (တ) ၂၉၃] တစ်နေ့တစ်ခြား စိုးရိမ်ဖွယ်ရာ မြင့်တက်လာတဲ့ ငါအလုပ်လက်မဲ့ပြဿနာ နင်နည်းနည်းမှ စာနာမှုမရှိဘူးလား။ လှူမယ့်ဒကာကြည်ဖြူမှ စားရသောက်ရမယ့်ဘဝပါ။ သြကလ္လကောတိ – အောက်ပိုင်းကျိုက်သောသူဟူ၍ [ပါဋ္ဌနိသျှ (ဒု) ၂၅၄] ဘဝဆိုတဲ့ကျောင်းကြီးမှာ အိမ်စာတွေမပြီးပြတ်စွာ မြစ်ကြီးလေ သောင်ကျယ်လေပဲပေါ့။ လက်လွယ်ရင် ဆက်သွယ်လိုက်ပါ။ အန္တရာယ်ရှိရှိ ခုတ်မောင်းဆက်ဆံရမယ်။ တရံရောအခါကဆိုတာ ကိုယ့်မာနကိုယ်ပြန်သရုံလောက်သာ အသုံးဝင်တာပါလေ။ လူတော်လူတတ်ကြီးတွေများတဲ့အခါ လက်ဆွဲနှုတ်ဆက်တယ်ဆိုတာ ဇိမ်ခံပစ္စည်းသက်သက်ပါ။ ဣစ္ဆာနံ – ရောင့်ရဲခြင်းမရှိသော အလိုရမ္မက်တို့ကို – အဓိပ္ပါယ်ကား တောပန်းခွေးကို သားရိုးပစ်သည်ရှိသော် ရောင့်ရဲခြင်းမပြေ စားချင်လေရှိသကဲ့သို့ [ပါဋ္ဌနိသျှ (ဒု) ၁၅၉] ဒါပေမယ့် ကိစ္စတော့ သိပ်မရှိပါဘူး။ ၁၅စက္ကန့်ဆိုတာ ဘွတ်ရှ်ကို ဘွတ်ဖိနပ်နဲ့ပစ်ပေါက်ဖို့ လုံလောက်တဲ့အချိန်ပမာဏပဲ မဟုတ်လား။ ဤတစ်ကြိမ်တွင် မျောက်ကလေးများ၏ အပြုအမူမှာ ထူးဆန်းလှသည်ဟု ကျွန်ုပ်တို့အားလုံး ယူဆမိကြလေသည်။ အနမတဂ္ဂံ – အစမထင်သော၊ အစမသိနိုင်သောလည်းဟူ။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ ဇူလိုင်လ ၃၁ရက်
ဤတစ်ကြိမ်တွင် မျောက်ကလေးများ၏ အပြုအမူမှာ ထူးဆန်းလှသည်ဟု ကျွန်ုပ်တို့အားလုံး ယူဆမိကြလေသည်။
I love this one!
thanks byoe!!!