15
Sep
10

ကြိုသားတွေစားပြီး အဖျားသွေးတရိပ်ရိပ်

ယိုစီးကျနေတဲ့ ကြေးစားမိန်းမတစ်ယောက်ရဲ့ ကျောက်ထက်အက္ခရာတစ်လုံးက ဘဝကို အရှူံးမပေးတဲ့စိတ်ဓါတ်။ ဒီညတော့ ရေထဲမှာ တစ်ခုခုရှိရမယ်။ ခွင့်လွှတ်ပါ အနြေ္ဒာမဒါ။ ကဗျာဟာ အရာရာကို ကိုယ်စားမပြုနိုင်ပါဘူး။ အပြင်ဖက်ကနေ စဉ်းစားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမွေးပါ။ နေ့စဉ်သုံးတွေကို အခြားတစ်ဖက်မှ ဆင်ခြင်ကြည့်ပါ။ လေဖိအားနည်းရပ်ဝန်းကိုရှောင်ပါ။ ငါတို့ကတော့ အရှေ့ဖက်ခြမ်းကို ပိုဦးစားပေးတယ်။ အလင်းသောက်တဲ့ နှင်းပေါက်တွေကို မင်းလောက်တော့မချစ်ခဲ့ပါဘူးရယ်။ ဇစ်ကိုဆွဲဖွင့်လိုက်တဲ့အခါ ဥယျာဉ်တစ်ခုနဲ့ ဂြိုဟ်စီးဂြိုဟ်နင်းတွေကို တွေ့ရမယ်။ အစက်အပြောက်လေးတွေအဖြစ် အမှောင်ထဲမှာ တိတ်ဆိတ်တုံ့ဆိုင်းလို့ပါ။ ပျော်ရွှင်ရယ်မောခြင်းကို သင်ကြားတော်မူပါလော့။ မင်းနဲ့ရင်းနှီးပြီးတဲ့နောက်မှာ ငါဟာဆက်လက်မြှုပ်နှံဖို့ အဆင်သင့်ပါပဲ။ တံခါးဖွင့်စီးပွားရေးမှာ မင်းဟာ ဝမ်းဝခါးတုတ်လာပါသလား။ မိန့်တော်မူသည်ကား အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်းပြုကြောင်းကို အောက်မေ့တော်မူပါ။ ကောင်းမြတ်သောနေ့ဟာ အတွင်းခံမပါပဲ ကြွချီတော်မူလာပါပြီ။ ယုံကြည်စွာ ဝတ်ဆင်ကြည့်ပါ။ မနက်ခင်းက ပန်းပွင့်တွေကို အပျော်ကြံခဲ့သလို။ ဖွတ်ဖွတ်ညက်ညက်ပျော်ရွှင်ပြီးတဲ့နောက် တိတ်ဆိတ်မှုထဲမှာ မည်မျှဝင်စိမ်နေခဲ့သည်ကို မမှတ်မိတော့။ ငါ့လက်တွေမနိုးသေးပါ။ ဖြေလျော့ထားခဲ့တဲ့ နေ့စဉ်ဘဝရဲ့ ကော်ဇောနီများ အကြောင်း။ မိုးရေစက်တွေအောက်မှ ဝင်ရပ်ကြည့်ဖို့မလိုတော့ဟုထင်သည်။ ဒီအတိုင်းလည်း တို့တွေကစိုစွတ်နေတာပဲ။ မှောင်နေတဲ့လမ်းကျဉ်းလေးတွေကလည်း တစ်နေရာရာကိုတော့ ရောက်စေတာပဲမဟုတ်လား။ အသက်ရှင်ဖို့တစ်ခုတည်းသက်သက်နဲ့တော့ ဘာကိုမှ မခမ်းနားချင်တော့ပါ။ တစ်နေ့တော့ ထိုမှာဖက်ဆီသို့ ခရီးထွက်ခဲ့ပါဦးမည်။ လည်ပင်းရှည်ရှည်နဲ့ ပန်းဆီရောင်မင်းသမီးပန်းချီကားတစ်ချပ်ကို ကျွန်တော်လိုချင်ခဲ့ဖူးလိုက်တာ။


သိုးထိန်း (အန္တိမ)
၂ဝ၁ဝ စက်တင်ဘာလ ၁၂ရက်


4 Responses to “ကြိုသားတွေစားပြီး အဖျားသွေးတရိပ်ရိပ်”


  1. September 15, 2010 at 10:35 PM

    အတွင်းမပါဘူးဆိုလို့ ဘယ်အချိန်မှာ အောက်စလွတ်မလဲ စောင့်နေတာ ကဗျာသာဆုံးရော..
    မလွတ်သေးပါလား

  2. September 21, 2010 at 6:23 PM

    ကောင်းမြတ်သောနေ့ဟာ..အတွင်းခံမပါဘဲ..ကြွချီလာပါပြီ။
    ဟုတ်လိုက်လေဗျာ….။
    ကြွချီလာပါပြီ…။
    ကြွချီလာပါပြီ…။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: