05
Oct
10

အရင်ဦးဆုံးကွာ ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး

အရင်ဦးဆုံးကွာ သိပ်ကြာကြာတော့ပြောမှာမဟုတ်ဘူး

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ အနုပညာပဲရှိတာမဟုတ်လား

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး လိုချင်တာပြောရရင်တော့

အရင်ဦးဆုံးကွာ ပန်းကန်ခွက်ထဲသို့ ကောင်မလေးတစ်ယောက်

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ကျောထောက်နောက်ခံတရားအတွက် ခင်ဗျားသိထားတဲ့

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး အပြန်အလှန်ပေါ့

အရင်ဦးဆုံးကွာ အဲ့စကားသံကို သေချာနားထောင်

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ တိုက်ဆိုင်သွားရင်ခွင့်လွှတ်ပါဗျာ

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး အဲဒီလိုမျိုး တောင့်တနေတာ ကြာပြီ

အရင်ဦးဆုံးကွာ ခင်ဗျား ကျွန်တော့်ဟာကို တရှပ်ရှပ်

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ သိထားတဲ့အတိုင်း ပြီးရင်ခင်ဗျားဆုံးဖြတ်

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး ခင်ဗျားရော ကျွန်တော်ရော ရပ်ကောင်း ရပ်သွားမယ်

အရင်ဦးဆုံးကွာ လုပ်ရင်းနဲ့ သင်သွားကြရဦးမှာ

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ကြည့်ပြီး ကျက်ကြရမှာပဲ

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး ဘယ်ဆိုင်မှာမှ ဝယ်လို့မရနိုင်တဲ့အရာတွေ

အရင်ဦးဆုံးကွာ မင်းပြီးတော့ငါတို့ တိမ်ဝင်သွားတတ်စမြဲ

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ပခုံးပေါ်မှာ တာဝန်တွေရောက်နေပြီ

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး ဆိုးမွေလား ကောင်းမွေလားဆိုတာ

အရင်ဦးဆုံးကွာ လက်နှစ်ဖက်ကြားကနေ တုန်ယင်ပြီး ဘာလို့ရယ်တာလဲ

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ စောင့်နေတာလည်း ဖြစ်နိုင်တာပဲ

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး သူ့စရိတ်နဲ့သူ ဆက်သွားနေလိမ့်မယ်

အရင်ဦးဆုံးကွာ အနားမှာ အမြဲ နေပေးမယ်ဆိုတာမျိုးပေါ့

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ပုံစံတူနှစ်ခုမရှိဘူး

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး တုန့်ဆိုင်းခြင်းတံတားပေါ်မှာ

အရင်ဦးဆုံးကွာ ၏/သည်လွဲတာ မူပိုင်ခွင့်တင်ထားစရာမလိုပါဘူး

ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ဖြစ်သွားတဲ့အရာမှာ လူများတာ ဖြစ်ရိုးဖြစ်စဉ်ပဲ

ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး လူတိုင်းဟာ ယဉ်ကျေးတယ်ဆိုရင်တော့


သိုးထိန်း (အန္တိမ)



မှီး။ ။

ဦးခေါင်း နှင့် ချိန်းတွေ့ခြင်း (ကြက်သွန်၊ လင်းနီညို)

စကားပြောသံကိုမကြားလိုက်ရရင် ဘာကိုဆိုလိုတာလဲ မသိနိုင်ဘူး (တေလေ)


2 Responses to “အရင်ဦးဆုံးကွာ ငါတို့စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့ ဘယ်သူ့ကိုမှစောင့်နေစရာမလိုဘူး”


  1. October 5, 2010 at 9:45 AM

    ငါတို့စတင် ထွက်…..ထွက်….ထွက်……………..ထွ………..က်………………….ထ……..ွ……………က………်

    • October 5, 2010 at 9:50 AM

      o…0…0h…OH….ah…a………….h………………a……….h…………………..h…………………..h…………………………………hhhhhhhhhh 😀


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: