10
Oct
10

ရှင်ကြီးကျားထက်ဆိုး

ကျားမှန်သမျှ အားသန်ကြပါသလား? အိမ်တွင်းကျား၊ ကိုးမြို့ရှင်ကျား၊ တောင်ပြုန်းမင်းနှစ်ပါးကျား၊ ဦးပိုးတူကျား၊ စာရေးတော်ကြီးဖေသာနိုးကျား၊ အထက်မြန်မာပြည်တွင် ဦးပြည့်ကျား၊ အောက်မြန်မာပြည်တွင် ဦးညိုကျား၊ အမေရေရင်ကျား…အစရှိသောကျားများကား နတ်ကျား။ ဦးဖိုးကျားကား ယောက်ျား။ သမန်းကျား၊ ကိုးတောင်ကျား၊ မြင်းကျား အစရှိသည်တို့မှာမူ တိရိစ္ဆာန်များဖြစ်ကြပြီး အူကြောင်ကျား၊ ဖွတ်ကျား ဆိုသူများကား ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် နေ့စဉ်တွေ့မြင်ကြရသော လူသတ္တဝါများသာ ဖြစ်သည်။ ယခုခေတ်အခါ နေရာတကာတွင် လူသားစားကျားများကိုလည်း လက်ညှိုးထိုးမလွဲ တွေ့မြင်လာကြရပေပြီ။ ကျားတစ်ကောင်သည် ကျားမ မရွေးစားသုံးလျက်ရှိသည်ဟု တစ်စုံတစ်ယောက်က သင့်ကိုပြောခဲ့လျှင် ဝေးဝေးရှောင်ရန် သတိရှိပါ။ “ဝေး” “ဝေး” ဆိုသည်မှာ တူး“ဝေး”ဟုလည်း ယူဆနိုင်သည် မဟုတ်ပါလော။ ငယ်ငယ်ကသားများ ကြီးသောအခါ ကျားကျားယားယား ဖြစ်လာသည်ကို သင်တို့လည်း မြင်တွေ့ဖူးပေလိမ့်မည်။ ကျွန်ုပ်သည်ရော ကျားတစ်ကောင် ဖြစ်ပါသလော။ ဟုတ်ပါသည်။ အမြီးမှားပေါက်သော ကျားများစားရင်းတွင် ကျွန်ုပ်သည်လည်း တစ်ကောင်အပါအဝင်ဖြစ်ပါလိမ့်မည်။ ကျားဆိုသည်မှာ ကြောင်ကြီးလေးမျိုးစားရင်းတွင် အကြီးဆုံးမျိုးဟု သတ္တဗေဒပညာရှင်များက သတ်မှတ်ထားသော်လည်း ကျားဆရာကြောင်ဟုဆိုသောကြောင့် ကြောင်ဖားကြီးများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကိုကား မမေ့လျော့အပ်ပါ။ Tiger Wood ဆိုသည်မှာ ကျားများမှီတင်းနေထိုင်ရာ တောအုပ်မဟုတ်ပါ။ သနားစရာ ကျားသတ္တဝါတစ်ကောင်၏ အမည်မျှသာဖြစ်ပါသည်။ အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်းဟူသော ဆိုစကားအတိုင်း ကျားတို့၏ဘဝလမ်းကား ကြမ်းတမ်းလှပေသည်။ ထို့ကြောင့် ကမ္ဘာနှင့်တဝှမ်းတွင် ကျားများမျိုးတုန်းမည့်အရေးကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်ပေမည်။ အမှန်စင်စစ်တွင်မူ ကျားများမျိုးကန်းမည့်အရေးကို ပို၍တွေးပူသင့်လှပေသည်။ ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ဟု ရှေးယခင်ဆိုစကားရှိသော်လည်း မျက်မှောက်ခေတ်တွင်မူ ကျားကစားနည်း၌ အထူးတလည်ကျွမ်းကျင်သောသမင်များ တောင်ပုံယာပုံများပြားလာသောကြောင့် ရွှံပိတ်ထားသောနွားမကလေးများ သနားမှ ကိုရွှေကျားများချမ်းသာရာရဖွယ် ဖြစ်နေပေတော့သည်။ ထိုနွားမကလေးများရှေ့သို့ အူရိုင်းကျားကလေးများ ပက်လက်မလဲမိစေရန်မှာ အထူးဂရုပြုသင့်လှပေသည်။ ကြောင်အကြီး ခေါင်းကချီ၊ သစ်အလတ် ခါးကဖြတ်၊ ကျားအထွေး ဖင်ကလွေးဟူသော ဆိုရိုးစကားအရ ကျားဆိုမှ ကျားများသည် သားကောင်ကို အောက်ပိုင်းမှစ၍ ကိုင်တွယ်စားသောက်လေ့ရှိကြောင်းလည်း မှတ်သားရပေ၏။ ဤလောကတွင် ကျားကိုးစီး စားမကုန်သောအရာများလည်းရှိပေသေးရာ တစ်ကွေ့တစ်ထောင့်တွင် သင်လည်းကံကောင်းပါက တစ်ချီတစ်မောင်း နွှဲကောင်းနွှဲရနိုင်ပါသည်။ ဆော်ဘေးရီးယမ်းလွင်ပြင်တွင် ကိုယ့်အမြီးကိုယ်ကြည့်ကာ ဂုဏ်ယူနေသော ကျားများကိုသင်တွေ့ရှိပါက မနာလိုတိုရှည်မဖြစ်မိစေရန် သင့်တွင်လည်း ကိုယ်ပိုင်စားကျက်တစ်ကွင်းတော့ ရှိသင့်လှပေသည်။

သိုးထိန်း (အန္တိမ)
၂ဝ၁ဝ အောက်တိုဘာလ ၁ဝရက်


6 Responses to “ရှင်ကြီးကျားထက်ဆိုး”


  1. October 10, 2010 at 6:52 PM

    ကျားများတွင်..ကိုယ်ပိုင်စားကျက်ကွင်း(အိမ်ကွင်း) နှင့် အဝေးကွင်း ဟူ၍ နှစ်မျိုးရှိပါသည်။

  2. October 10, 2010 at 10:26 PM

    ကိုယ်ပိုင်စားကျက်ကွင်းလေး လေ ..း)

  3. October 14, 2010 at 10:18 AM

    အိုင်ဆေး…ဆြာသိုး…ကျားကြီးခြေရာကြီး သိုးလေးခြေရာသေး မြန်စွာမနှေး လှန်ကာပေး အဲ ကျန်နေပါသေး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: