17
Oct
10

ရှေ့သညာ နောက်သညာ သေချာစွာမှတ်ရန်မှာ

ရှေ့မှီ နောက်မှီ ဘောင်းဘီလည်းဝတ်ထသော…

ရှေ့တိုး နောက်တိုး ပုဆိုးလည်းဝတ်ထသော…

ရှေ့ရေး နောက်ရေး တွေး၍လည်းပူထသော…

ရှေ့ဆင် နောက်ဆင် ဥာဏ်မျက်စိဖြင့်လည်းမြင်ထသော…

ရှေ့ကြောင်း နောက်ကြောင်း ခေါင်းလောင်းလည်းမတီးထသော…

ရှေ့အဖို့ နောက်အဖို့ မစို့မပို့လည်းမလုပ်ထသော…

ရှေ့ကဗျာ နောက်ကဗျာ ရေးချင်ရာလည်းရေးထသော…

ရှေ့အဆို နောက်အဆို ညွှန်းဆိုတိုင်ပင်ထသော…

ရှေ့သူငယ်ချင်း နောက်သူငယ်ချင်း ခွဲခြားဆက်ဆံခြင်းလည်းမရှိထသော…

ရှေ့ကွေ့ နောက်ကွေ့ တွေ့ကရာလည်း မမွေ့လျော်ထသော…

ရှေ့ကျင်း နောက်ကျင်း အလျဉ်း ဝင်မစိမ်ထသော…

ရှေ့ပါတီ နောက်ပါတီ အော်ဂီလည်းမလုပ်ထသော…

ရှေ့စော် နောက်စော် မျှော်၍လည်းမငေးထသော…

ရှေ့စကား နောက်စကား ဖောက်ပြားသွေဖီခြင်းလည်းမရှိထသော…

ရှေ့တစ်မျိုး နောက်တစ်မျိုး လျှာရိုးမရှိသူလည်း မဖြစ်ထသော…

[မှတ်ချက်။ ။ အမှန်ခြစ်ရန် မဲဆွယ်ခြင်းမဟုတ်ပါ]


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ အောက်တိုဘာ ၁၇ရက်


3 Responses to “ရှေ့သညာ နောက်သညာ သေချာစွာမှတ်ရန်မှာ”


  1. October 17, 2010 at 6:05 PM

    အလိုရှိသည်…..

    ရှေ့အပေါက်နောက်အပေါက်အအားလဲမထားတတ်သော…

  2. October 17, 2010 at 8:17 PM

    ရှေ့ကဗျာ နောက်ကဗျာ ရေးချင်ရာလည်းရေးထသော…


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: