19
Oct
10

မင်းအရေးဟာ ငါ့အရေးပဲ ဘာကိုမှကြိုမတွေးနဲ့

နေ့တာဟာတိုတိုလာစဉ်

မင်းသိမှုကို အနွေးထည်ထူထူဝတ်လို့

မြို့ရဲ့အနောက်ဖက်အခြမ်းတွေဆီ

တစ်ယောက်တည်းလွှတ်လွှတ်ထားတဲ့ကိစ္စ

ည ည ဆို ပြောစရာဖြစ်လာတယ်

အာရုံမှာ ရောင်နီပျို့သောအခါ

ရဟန်းအဖိုကြီးများ စီတန်းကြွချီတော်မူလာစဉ်

ရဟန်းအမကြီးများ စီတန်းလောင်းလှူဆပ်ကပ်ရာသော

ခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ် အစရှိသည်တို့၏

ဖြစ်လေရာဘုံဘဝများလည်း

ဖိတ်လက်ပျိုးပြက်ကြကုန်၏

အဓိပ္ပါယ်တည်ဆောက်ယူရန် ဝီရိယအရင်းခံ၍

အမြန်မော်တော်ယာဉ်တစ်စီးပေါ်

မှတ်တိုင်၌ အိပ်ပျော်ရှာသော မရှိလို့မလှူ၊ မလှူလို့မရှိများ၏

အသိခေါက်ခက်ကို ဘရိတ်ဆောင့်နင်းခံရသောအခါ

အပြိုပြိုအလဲလဲ ကွဲပြဲဖူးယောင်ကာ

တစ်နေ့တာဝမ်းစာချောင်ရေး အောင်ဘာလေပြေးထိုးကြမယ့်

ဆင်ခြေဖုံးပရိသတ်လည်း ပုရွက်ဆိတ်များလို…

ရောင်နီဟာ အပျိုဖော်ဝင်ခါနီးမို့ သူခိုးရွှေရတပြပြနဲ့

မြို့ရဲ့လမ်းမတွေကို ရွှေအိုရောင် စွတ်စိုစေသလို

တစ်ယောက်ကို တစ်ယောက်ချွေးသံတွေနဲ့ နှုတ်ဆက်လိုက်ကြပေါ့

ဟောင်းဒူးယူဒူး အရင်လိုပဲ ဆက်လက်ရုန်းမထွက်နိုင်ဘူး။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ အောက်တိုဘာ ၁ဂရက်


0 Responses to “မင်းအရေးဟာ ငါ့အရေးပဲ ဘာကိုမှကြိုမတွေးနဲ့”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: