21
Oct
10

အခွံကိုပိတ်လိုက်လည်း အရိပ်ကအပြင်ဖက်မှာ

တိတ်ဆိတ်အံ့သြမှုနဲ့ ငါတို့ကိုချည်နှောင်တဲ့ ဘယ်နောက်ကျိတဲ့အရာဝတ္ထုကိုမဆို

အဲဒီချီးမွမ်းခံ ဇာတ်ကွက်အဆောက်အဦ၊ ကာရန်

အချိန်ကာလရဲ့ ဖိနှိပ်ချုပ်ချယ်မှုမရှိတဲ့ စိမ်းလန်းခြင်း

ဟောင်းလောင်းပေါက်နေတဲ့ တိမ်တွေရဲ့အောက်က အမြစ်အမွှာတွေ

ဟုတ်တယ် မနက်ခင်းတစ်ခုထက်ကို ပိုပါတယ်

သူတို့မျက်လုံးတွေကို ဖွင့်ကြည့်မိလား

ပင်လယ်က ဘယ်တော့မှ မပြုတ်ကျ၊ မကျိုးကြေ

မိုးစက်တွေအဖြစ် ဖန်ဆင်းရောက်ရှိလာမယ်

နာရီအိုကြီးထဲက အတ္တဟာ စက်ဝိုင်းသဏ္ဍာန်ဖြန့်ကျက်ပိတ်လှောင်လို့

ရေခဲပြင်ပါးပါးပေါ်ဖြတ်သန်းသွားလာဖို့

ဘယ်သူမဆိုရဲ့ စင်ထွက်လာတဲ့ ဂီယာအပြောင်းအလဲပဲ

အမှန်က သွေးဒလဟောထွက်နေတာလား

သွေးဒလဟောထွက်အောင် မှန်နေတာလား

အရသာရှိသမျှခွင့်ပြုထားတဲ့လျှာကြီးနဲ့

ဝက်သစ်ချစည်ကြီးထဲက အမြှုပ်တစီစီထအနမ်းတွေလို

ပူးတွဲပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ဖာတီးမား

ငါတို့ မင်းနာမည်ကို သိနေတယ်

မင်းအိပ်နေတဲ့အခါ အမှောင်ထဲမှာ ရွေ့လျားနေတဲ့အရိပ်တွေက

ခြေသံလုံလုံနင်းလို့

စောင့်မျှော်လို့

ကြေကွဲဖို့ မွေးဖွားလာခဲ့ကြတာလားလို့

အဲဒီအောက်မှာ အစုလိုက်အပြုံလိုက်

ဝမ်းနည်းခြင်းဟာ တစ်ဦးတည်းအပိုင်ပဲဖြစ်သင့်ပါတယ်

အောင်မြင်မှုကတော့ ငါမင်းသူ ကြည်ကြည်ဖြူဖြူ ယူဆောင်ထွက်ခွာလို့

လောကကြီးကိုက မျက်လုံးထူလွန်းပါတယ်လေ။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ အောက်တိုဘာ ၁ဂရက်


6 Responses to “အခွံကိုပိတ်လိုက်လည်း အရိပ်ကအပြင်ဖက်မှာ”


  1. October 21, 2010 at 7:37 PM

    အရသာရှိသမျှခွင့်ပြုထားတဲ့လျှာကြီးနဲ့…..ပလပ်….ပလပ်…ပလပ်..ရှလွတ်..

  2. October 22, 2010 at 4:22 AM

    အရိပ်က အပြင်ဖက်မှာ အရက်တွေ သောက်လို့ အရမ်းရွဲနေပီ

  3. 5 phone myint
    October 24, 2010 at 1:52 PM

    ဖာတီးမား ကို ကြိတ်ခိုက်နေတာ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: