12
Nov
10

ဓါတ်ပုံတဖျတ်ဖျတ်ရိုက်နေတယ်

ခင်းထားသောအရိပ်များကြောင့်

အလင်းကွက်များက ဘ၀ထံမရောက်နိုင်တော့ပဲ

နေ့တိုင်းဟာ ရွေ့လျားမှုဖြစ်စဉ်တွေ

နေ့တိုင်းဟာ ရှာဖွေတွေ့ရှိလိုက်တဲ့မိုးသားတွေ

နေ့တိုင်းဟာ အခွင့်အလမ်းတွေ အများကြီးပေးတယ်

ဖြတ်သန်းသွားသောနာမည်များ

အဆုံးအထိမမြင်နိုင်တဲ့အရာများ

အသေခံဗုံးခွဲခံရခြင်းများ

လောကတစ်ခုထဲ အဖေါ်မဲ့ဆဲလ်တွေလို

အောင်မြင်တယ်/မအောင်မြင်ဘူးကြားကနေ တုန်ယင်ပြီး

နာမကျန်းမှုကိုရှူလို့

နေထိုင်မှုပုံစံတစ်ခုကို ကန့်လန့်ဖြတ်ဝင်ဖို့

အနုပညာရွှင်တော်ခြင်းတရား

အထူးပြုလုပ်ချက်/အတုပြုလုပ်ချက်/နှလုံးအစားထိုးချက်တွေ

လုပ်နိုင်တာက တစ်ခုပဲရှိရင်တောင်

အနုပညာမှာအမှိုက်ပွလာတာပဲရှိတယ်လို့ ပြောကြတယ်

အဲဒီလိုရင်သားတွေကို ဖမ်းဆုပ်ဖို့ ၊ တိုက်ချွတ်သန့်စင်ဖို့

လုပ်ရင်းနဲ့ သင်သွားကြရဦးမှာ

မပီပြင်သေးတဲ့ နားလည်မှုသစ်တစ်ခုဆီ လဲလှယ်မှုတန်ဘိုး

စတင်ထွက်ခွာလိုက်ပြီဆိုတာနဲ့

သိမ်မွေ့လွန်းသလောက် ကြမ်းရှတာ

အပြန်အလှန်ပေါ့ ပုံစံတူနှစ်ခုမရှိဘူး

စိတ်အာရုံခံစားမှုထဲ

အလင်းကျရောက်ပုံနဲ့ ကျရောက်မှုအတိုင်းအဆ၊ အနေအထား

သိပ္ပံပညာထွန်းကားလာသလောက် အချို့မှတ်ဥာဏ်တွေဟာ

ကွဲပြားခြားနားမှုမရှိဘူးလို့ထင်ရလောက်အောင် မှောင်မြဲမှောင်တယ်။


သိုးထိန်း (အန္တိမ)

၂ဝ၁ဝ နိုဝင်ဘာ ၁၂ရက်


4 Responses to “ဓါတ်ပုံတဖျတ်ဖျတ်ရိုက်နေတယ်”


  1. November 12, 2010 at 10:32 AM

    သိပ္ပံပညာထွန်းကားလာသလောက် အချို့မှတ်ဥာဏ်တွေဟာ
    ကွဲပြားခြားနားမှုမရှိဘူးလို့ထင်ရလောက်အောင် မှောင်မြဲမှောင်တယ်။

    တွေးစရာတွေ… အများကြီးပဲ…။
    စကားလုံးတွေ ဖမ်းဆုပ်လို့ မလွယ်လှဖူး…။
    မှတ်ဥာဏ်တွေက မည်းမှောင်မြဲ မည်းမှောင်ဆဲ…။

  2. November 12, 2010 at 4:57 PM

    ရင်သားတွေကို ဖမ်းဆုပ်ဖို့……..လက်၂ဖက်ရှိပါသည်။
    တိုက်ချွတ်သန့်စင်ဖို့……………..လျှာရှိပါသည်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: