15
Dec
10

ဒီဇင်ဘာ

သစ်ပင်တွေမှာထွက်ပြေးဖို့ ခြေထောက်တွေလည်းမရှိဘူး။ ပြန်လည်ခုခံနိုင်ဖို့ လက်သီးတွေလည်းမရှိဘူးဗျ။ ကန့်လန့်ကာတစ်ခုလို ကျဆင်းလာတဲ့ ဟောဒီညနေခင်းမှာ တိုက်မြင့်မြင့်ကြီးတွေက ဖောက်ပြန်ပျက်စီးနေတဲ့ မြို့ပြလူနေမှုစနစ်ရဲ့ စက်ဆုပ်ဖွယ်သဲလွန်စတွေအဖြစ် လောင်ကျွမ်းသွားတဲ့ ရှုမျှော်ခင်းတွေနဲ့ ကိုယ့်ရုပ်ကို မနည်းဖမ်းယူရတယ်ဆိုတဲ့ အခြေအနေမျိုး။ ဓါးမြှောင်တစ်လက်လွတ်ထွက်သွားမှာစိုးလို့ ဖမ်းထားသလိုဆုပ်ကိုင်ပြီး လက်တစ်ဖက်က ကျမ်းစာအုပ်ကိုကိုင်လို့ ပဒေသရာဇ်တို့ ကျဆုံးခဲ့တဲ့မြို့ပါ။ ကော်ဖီပန်းကန်ထဲကလူတွေဟာ တစ်နည်းတစ်ဖုံနဲ့ ဆာလောင်ခြင်းရဲ့ ချိန်းဆိုမှုဆီ ညှော်နံ့တသင်းသင်းနဲ့ မြိန်ရေယှက်ရေ လည်ပတ်စေနိုင်တော့မှာ ဖြစ်တယ်။ နောက်ထပ် ယာဉ်ရထားစက်ယန္တရားတွေက မသင်္ကာစိတ်နဲ့ ငုံ့ကြည့်လို့ ကျော်လွှားသွားကြပြန်တယ်။ ပြားချပ်ချပ်ပလပ်ဖောင်းပေါ်မှာ အဖန်ဖန်ပြန်လည်ဝင်စားတဲ့ညနေခင်းများ နေထိုင်ကြပုံက မီးသင့်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အေးစက်တဲ့ အမှောင်ထုထဲမှာ ဝတ်လစ်စလစ် စိတ်ချလက်ချ။ ငြင်းဆိုဖို့အမြဲတမ်းအသင့်ဖြစ်နေတဲ့ ငွေအသပြာက ငတ်မွတ်မှုနဲ့ အနုပညာကို စိတ်ရှိတိုင်း ထိုးဖဲ့ကိုက်ဝါး စားသောက်ပစ်လိုက်ချင်တာကဖြင့် လုံးဝသည်းမခံနိုင်စရာပါပဲ။ သက်ရှိသတ္တဝါတစ်မျိုးဖြစ်ခဲ့ရင် လုံခြုံမှုနဲ့ နွေးထွေးမှုတွေ ကိုက်ချီပြီး အဝေးကိုထွက်ပြေးသွားလေမလား။ သိန်းပေါင်းများစွာတန်တဲ့ ကြေကွဲဖွယ်ရာ မြင်ကွင်းကြီးပါလေ။ ခေါင်းတလားကြီးထဲမှာ စိတ်ကုးတွေ တစ်ခုချင်း ထွက်ကျနေပုံက အမည်နဲ့ အသက်ကိုလှလှပပရေးပေးဖို့ပါပဲ။ ခွေးဝဲစားတစ်ကောင်ကို အမဲနှပ်တုံးကြီး ပစ်ချကျွေးလိုက်သလို သူမပေးလိုက်တဲ့တေးဟာ ကျော်ကြားလှတဲ့ အသည်းကွဲသီချင်းတစ်ပုဒ်ပါလေ။ အဲဒီတစ်ညလုံး ဆောင်းလေဟာ လူယဉ်ကျေးကြီးတစ်ယောက်အတိုင်းပါပဲ။ အသက်ပါပြီးဖမ်းစားနိုင်တဲ့ပင်စည်အကိုင်းအခက်များဟာ လူကြိုက်များလှပါသတဲ့။


သိုးထိန်း (အန္တိမ)
၂ဝ၁ဝ နိုဝင်ဘာ ၂၆ရက်
မှီး။ ။ ရောင်းရန်မဟုတ်သော စိတ်ကူးများ (နေမျိုး)


0 Responses to “ဒီဇင်ဘာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: