13
Jan
11

လူအနေနဲ့ ရှိနေစွဲလမ်းနေ

ဗိုက်ထဲက
သရော်သံက
နည်းနည်းမပျော်မရွှင် ဖြစ်နေတာကြာတော့
“ပျော်ကြပေတော့”
လုပ်လို့ မလျော်လှဘူး။
ရှေ့ဆက်ပြီးတော့ မပျော်ဖြစ်ဘူး။
ဘာဖြစ်လို့ဆို
အကြောအချင်တွေဆီကကြားဖူးတဲ့
နွေရာသီရောက်ပြီဆိုတဲ့
မီးဝင်းဝင်းတောက်ကိစ္စက
လည်းပြီးသွားတယ်။
ဖြေရှင်းနိုင်ဖို့ဆိုတာ အပြင်
အောင်ခြင်း၊ အတွင်းအောင်ခြင်း။
တိုလီမိုလီ
အေးသွားရင် ငြိမ်းချမ်းရေး
မဟုတ်တော့ဘူး။
အကြောင်းအရာနဲ့ ပုံသဏ္ဌာန်
ဘယ်တော့မှမတွေ့ဘူး။
နောက်တော့ အချင်းချင်းနားလည်မှု
ယူလိုက်ကြပြီး လမ်းခွဲ။
ပါရာဒိုင်းအရွေ့။
လက်ရှိအခြေအနေကို
လေ့လာသုံးသပ်တဲ့အနေနဲ့ အလျားလိုက်စီကြတဲ့စနစ်ကို
ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီ။
(pomo) ပိုမို မြန်ဆန်လာတယ်။
(pomo) ပိုမို ပီပြင်ထင်ရှားလာတယ်။
ပုံစံဟောင်းကို စွန့်ချင်လို့။
အသစ်တွေ ထပ်လောင်းတပ်ဆင်ဖို့။
“အနုပညာမပါတဲ့အနုပညာ”
အထူးသဖြင့် လမ်းကြောင်းပါပဲ။
ပင်မရေစီးနေရာက ပိုမိုလွတ်လပ်တဲ့ဘက်ကို
စိတ်မြွှာဖြာထွက်ကိုင်းညွှတ်ခဲ့လာတယ်။
“အရာရာဟာပြိုကျလာတယ်။ ဗဟိုချက်ဟာ မထိန်းချုပ်နိုင်တော့ဘူး”
ပြဿနာ တစ်ခု ဖြစ်နေပါသလား။
ဒဏ္ဍာရီလောင်းရိပ်အောက်မှာ
ရှင်သန်နေတဲ့ အပြောင်းအလဲတွေဟာ
ကွက်ဖြစ်နေတာမျိုး မဟုတ်ဘူး။
ကမ္ဘာကြီးက ပြားပြီ။
အရွေးချယ်ခံချင်တာမဟုတ်ဘူး။
ရှင်သန် တည်တံ့နေချင်တာ။
ငွေကြေးတန်ဖိုး မြင့်လာတိုင်း
လက်ပြနှုတ်ဆက်ရပါလိမ့်မယ်။
မင်္ဂလာပါ နာမ်စားများ…။

သိုးထိန်း (အန္တိမ)

ref:
http://kanyan.wordpress.com
http://penai22.blogspot.com
http://ghost-cafe.blogspot.com
http://mgphonemyint.blogspot.com
http://www.equalsignpoetryetics.com


2 Responses to “လူအနေနဲ့ ရှိနေစွဲလမ်းနေ”


  1. January 13, 2011 at 2:36 PM

    Playing with words but new thinking & new approaching 🙂


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: