27
Jan
11

အစွန်းအထင်းမရှိအောင် တစာစာပန်းထွက်နေတုန်း

အရေးကြီးသည့်အရွယ်ရောက်သူတိုင်း ရက်စွဲများကူးပြောင်းရန်
မြောက်မြားစွာသော ဘ၀စာမေးပွဲများစွာ ရေကြည်ရာမြက်နု
ဖြတ်ကျော်နေကြရသည့်အလုပ်အကိုင်အခွင့်အလမ်း မမျှတမှု၊
လုပ်ခလစာကွဲပြားမှု၊ မိသားစုအတွက် စီးပွားရှာဖွေလိုမှု၊
အနာဂတ် ရေရာသေချာမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊
အခြားသောဖိအားများ၊ ရွှေ့ပြောင်း အစမ်းလေ့ကျင့်ဖြေဆိုမှုများ
စာမေးပွဲများမဖြေခင် စာမေးပွဲများ မဖြေခင်စာမေးပွဲများ
ရှင်သန်ရေးအတွက် နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်သန်းပြောင်းရွှေ့မှု
မသွားနဲ့လို့ ပြောလို့မရဘူး။ မလာနဲ့လို့လည်း ပြောလို့မရဘူး။
လှိုင်းသစ်တွေနဲ့အတူ အလျင်အမြန်ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေတွင်
အသက်ရှင်လျက် တစ်နှစ်တစ်တန်း အောင်ဖို့လိုတယ် ဒိုမိုဒီဒိုဗို
အဲဒီချိန်မှာ ကျွန်တော်တို့ လပေါ် ဘယ်လိုသွားရမလဲ မသိခဲ့သေးဘူး
အေဒင်ကို ပြန်ပေးဆွဲခံရပြီးနောက် မီးခိုးလုံးများဖြင့်ပြည့်လျှံနေပြီး
မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို မသိရသေးဘဲ
ဘက်ပေါင်းစုံမှ အဆင်သင့်ဖြစ်စေကာမူ မက်မုံပန်းကလွဲလို့
ဇာတ်ပေါင်းဖို့ အတွက် စင်စစ်အားဖြင့် လူ့အဖွဲ့အစည်းများကြား၌
မတူညီသောရှုထောင့်များ၊ ပြင်ပဆောင်ရွက်ချက်များ၊ ဝမ်းနည်းကြေကွဲစရာများ၊
တပေါက်ပေါက်ကျနေတဲ့ ဘေးထွက်ဆိုးကျိုးများ
အကြောင်းအရာထပ်မပြောခင် အကျိုးအရာထပ်မပြောခင်
သက္ကရာဇ်တွေမှာ အဆိပ်တမျိုးမျိုး ရှိနေသလား
အသားအရည်က ဝင်းအိဆန်းပြား ဆက်ဆက်ထားပြီး ပွစိပွစိလှည့်စားသမျှ
ပန်းပွင့်နုနုဖတ်ဖတ်လေးတွေ၊ ဒုက္ခတွေအပေါ် လူမြင်မှာစိုးတာနဲ့
လေညှင်းကလေးများ ဓါးသွားလို ရင်မှကျော
ထုတ်ချင်းခတ်သွားလာ သဲထဲမျက်စိမြုပ်ခဲ့ကြတာ
နာကျင်မှုကတော့ တစက်စက် စီးထွက်နေတာပေါ့
လူပုဂ္ဂိုလ်တစ်ယောက်ယောက် အဖွဲ့အစည်းတစ်ခုခု
မည်သည့်အရာမျှ အညွှန့်မပါရင် ဆက်လက်၍ ကျွန်မ ယောက်ျားဟာ
ကလေးတွေရဲ့ ဆက်လက်၍ အရာခပ်သိမ်း လွှမ်းမိုးထားသော ဆက်လက်၍
ထိုပုဂ္ဂိုလ်တို့ အတွက် ဆုပ်လည်းစူး စားလည်းရူး ဆက်လက်၍ ဘာအဓိပ္ပါယ်မှ
ဆက်လက်၍ မရှိဘူးချည်းပဲလား ဆက်လက်၍ အဓိပ္ပါယ်ပြောင်းသွားတာလား
ဆက်လက်၍ မခင်မေဟာ ဆက်လက်၍ ခါးသေးရင်ချီ ဆက်လက်၍
ဟန်ဆောင်နေတာကို ဘာလို့ တန်ဖိုးထားချင်နေရတာလဲ?

သိုးထိန်း (အန္တိမ)


0 Responses to “အစွန်းအထင်းမရှိအောင် တစာစာပန်းထွက်နေတုန်း”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: