02
Feb
11

ချစ်ခြင်း/မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည်မရှိကြကုန်။

ကြားရမြင်ရတဲ့အတိုင်း ကြုံရတွေ့ရတဲ့အတိုင်း မှတ်မှတ်ရရ
အခြေအနေတွေမှာ နာမည်ကိုသိနေပြီး
နာမည်တောင်မသိဘူး။ သူကကျွန်တော့်အိမ်မက်လို့
ဆိုရမယ်သာဆိုတယ် အမှန်ဆို သူနဲ့ကျွန်တော်က
ဘာမှမဟုတ်ဘူး။ ကန့်သတ်ခံလိုက်ရတာကို ဘာလို့ကြေကွဲနေမှာလဲ။
ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတာ သတိထားမိတယ်။ မရယ်စရာမှန်းသိရက်နဲ့ပဲ
စိုးရိမ်ရတဲ့အခြေအနေမဟုတ်တော့ သိပ်ဂရုမထားမိဘူး။ သူ့ခြေတစ်ဖက်ပြတ်တော့မှပဲ
ကျွန်တော်လည်း ဒိုင်ယာရီဟောင်းလေးဘာလေး ပြန်ဖတ်ပြီးမှ
ပြန်အမှတ်ရတယ်။ မေ့လိုက်မယ် မဟုတ်လား။ တစ်နေ့ပြီးတစ်နေ့
မင်းငါ့ကိုမှတ်မိသေးလားဆိုတော့ သူ့အတွက်သူစိမ်းလိုပဲ ဖြစ်နေမှာ။ ကျွန်တော်လည်း
အဲလိုပဲ ခံစားမိတယ်။ ဒဏ်ရာတွေဟာ အတိမ်အနက်မတူတာကလွဲရင်
နာတာဟာ နာတာပဲပေါ့။ ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့သူက
ဘာစကားပြောရမလဲ။ ဘယ်သူပြောလဲဆိုတော့ ကျွန်တော်လည်း
ပြန်ပြောလိုက်တယ်။ ဟားဟားဟား
ရယ်တော့ရယ်စရာပဲဟေ့။ ခြေတစ်ဖက်မရှိတော့တဲ့သူဆိုတော့
သိပ်တော့နားလည်ပုံမပေါ်ဘူး။ စိတ်မကောင်းစရာပဲ။ သူနဲ့ စကားပြောရတာ
နည်းနည်းတော့ ရယ်စရာကောင်းတယ်။ ဒါပေမယ့် အခုမရယ်နဲ့ဦး။
ခြေတစ်ဖက် မရှိတာတောင် မေ့နေပုံရတယ်။ ခြေတစ်ဖက်မရှိတော့တဲ့အတွက်တော့
ဝမ်းသာပေးရမလား၊ ၀မ်းနည်းပေးရမလား မဝေခွဲတတ်ဘူး။ အခြား
ရွေးချယ်စရာလမ်းမရှိတဲ့ဘ၀မှာ ကျွန်တော်လည်း
အင်းလုပ်၊ အဲလုပ်ပဲ နေလိုက်တယ်။ မှတ်မိနေတဲ့ ငယ်ငယ်တုန်းကအကြောင်းတွေ
ကုန်သလောက်ရှိသွားတာနဲ့ အရင်လိုမဟုတ်တော့ဘူး။ တိတ်ဆိတ်မှုဟာ
စိတ်ရဲ့အနက်အရှိုင်းဆုံးမှာ။ မနက်ဖြန်က
ဘယ်လောက်သေချာသလဲ။ ပြန်ပြီး စမြုံပြန်ရရင် လောလောဆယ်
မရယ်နိုင်သေးတော့ အရင်ပုံစံအတိုင်းပဲတဲ့။
မကြာတော့ပါဘူး။ တစ်စစီပြိုကွဲချိန်တိုင်အောင်
ရောက်လာလိမ့်မယ်။ ကြောက်ရွံ့နေစရာမလိုပါဘူး။ စံပယ်ရုံတွေရောလို့
ထပ်မေးတယ်။ အဖြူရောင်ဆိုရင် အမည်းစက်တင်ပေးချင်တဲ့
သဘာဝတရားထဲမှာ။ မရှိတာတွေကို ရေတွက်တဲ့အခါတိုင်း
ဘာမှသိပ်ပြောင်းလဲတာမျိုး မရှိသလိုပါပဲ။ ဘ၀ကို ဖြေလျော့ကြည့်ဖို့
ကောင်းကင်ကို မော့ကြည့်လိုက်တာ နေကတော်တော်ပြင်းနေပြီး
ခေါင်းကထိုးကိုက်လာတယ်။ နာကျင်မှုဆီ
ခဏပြန်သွားကြည့်ချင်တဲ့စိတ်တော့ ပေါ်မိတယ်။ ဒါပေမဲ့ ပြန်လို့မှ မရတော့တာ။
သိပ်အဝေးကြီးကို မသွားချင်ဘူး။ မြန်မြန်
သွားလိုက်ကြရအောင်လေ။ ဒါလေးကိုပဲ မှီခိုအားထားနေရတာ။ အခုလို
နေ့တိုင်း
ငုံ့ကြည့်နေချင်ရုံလေး
သက်သက်။

သိုးထိန်း (အန္တိမ)


2 Responses to “ချစ်ခြင်း/မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည်မရှိကြကုန်။”


  1. February 4, 2011 at 7:56 PM

    🙂 ချစ်ခြင်း/မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည်မရှိကြကုန်။

    • February 7, 2011 at 7:49 AM

      😀
      bro, actually it is a collage of your work [အခြေအနေတွေမှာ နေ့ညရက်ရှည်], Nay Y. Y.’s [နာကျင်မှုရဲ့ကိုယ်စား ဟာသ] and zephyr’s [မြန်မြန်သွားလိုက်ကြရအောင်လေ။ and satori of art 1 & 2]
      that cutted leg freaks me out!!!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: