10
Feb
11

အားလပ်ရက်မှာ တို့တွေဆုံချင်တယ်

တယောကို တယောမှန်းမသိတော့ အသံလည်းရှိချင်မှ ရှိနေမယ်။ ကြုံရာအစကို ဆွဲထုတ်လိုက်ပါ။ အရာရာဟာ ပြောင်းလဲသွားစေနိုင်ပါတယ်။ ခေတ်ရဲ့ တစ်နေရာရာမှာ အချိန်နဲ့အမျှပြောင်းလဲမှုတွေ…၁) အိပ် ၂) စား ၃) ကာမ။ သီချင်းတွေက ပိုင်နိုင်သေသပ်မှုရှိတယ်။ ငိုစရာရှိငို၊ ရယ်စရာရှိရယ်။ ၀ါယာကြိုးတွေ အပြစ်ပြောစရာမရှိဘူး။ လမ်းတစ်လျှောက်လုံး ရှိနေလိမ့်မယ်။ အရွယ်ရောက်လာပေမယ့် မျက်စိထဲသတိလစ်နေတဲ့အချိန် ဖြစ်နေတဲ့အနေအထားတွေ အပြင်ကရှုခင်းတွေကို ကြည့်နေရင်း ပုံရိပ်တွေဆူပွက်နေတာမှာလည်း ဟာကွက်မရှိခဲ့ပါဘူး။ မမျှော်လင့်တာတွေ ကြုံတွေ့ခဲ့ရတဲ့နောက်ဆုံး ရိုးသားပါ။ ရိုးဂုဏ်တစ်ရပ်ကို ဘယ်နေရာကမဆို ၀င်ရောက်ခံစားနိုင်မှာပါ။ တစ်ဝက်တစ်ပျက်သေချာမှုဆိုတဲ့စကားဟာ ပြောရလွယ်သလောက် မသေချာမှုတွေဆီ ပြန်ပြန်ရောက်လာတယ်။ ဖြစ်တည်မှုကို ဘယ်လောက်အထိ ယုံကြည်ရမလဲဆိုတာကို စမ်းသပ်ကြည့်တဲ့သဘောပါ။ ပိုပိုနီးကပ်လာပြီး ပြန်ပြန်ဝေးသွားကြတယ်။ သိပ်တော့ အပန်းကြီးခဲ့မှာ မဟုတ်ဘူး။ လိုအင်ဆန္ဒ၊ အာသီသတွေက ရှုပ်ထွေးလာတယ်။ ဆုတ်ကပ်မှာ ပိုပျော်လာတယ်။ (သူထင်ထားတာ မှားပြန်ပါတယ်) တကယ်တမ်းပျော်နေတဲ့သူတွေတော့ မဟုတ်ပြန်ဘူး။ အားလပ်ရက်ပန်းခြံလေးထဲမှာပဲ တစ်ဦးတည်း ပျော်ရွှင်စွာနေထိုင်ဖို့ရာလည်း မအောင်မြင်ခဲ့ဘူး။ ငါဘယ်တော့မှ နားမလည်နိုင်တော့ဘူး။ အီရတ်စစ်ပွဲအတွက် နောင်တမရပါဘူးဆိုတဲ့ ကမ္ဘာကြီးမှာ မင်းလေးကဘ၀အဓိပ္ပါယ်လား။ အဓိပ္ပါယ်တွေများတာကတော့ အံ့သြသွားစေချင်တဲ့ ဆန္ဒကြောင့်ပဲဖြစ်မယ်။ အပြည့်အ၀ ဖော်ဆောင်သွားနိုင်ခဲ့တယ်။ မျှော်လင့်ချက်အားလုံးကို ပြက်ပြက်ထင်ထင်မေ့နေခဲ့တာ ကြာပါပြီ။ လှလှပပ အနှောက်အယှက်ပေးရုံ၊ စိန်ခေါ်ရုံသက်သက်မဟုတ်ဘဲ သိမှုကို ဖေါက်ပြန်စေတဲ့၊ မေးခွန်းထုတ်စေတဲ့ နေ့စဉ် နေထိုင်မှုမျှသာဆိုတာ မြင်လာနိုင်ပါလိမ့်မယ်။ သာမန်ဖြစ်စဉ်တစ်ခုအဖြစ် သိရှိခံစား နိုင်လိမ့်မယ်။ ဘဝဆိုတာ တွေဝေမှုတစ်ခုခုအပေါ် ကိုယ်စားပြုပြီးသားဖြစ်နေတတ်တဲ့ သူလိုကိုယ်လိုတွေထဲမှာ တစ်ယောက်တည်း အမှောင်ခြမ်း။ အလင်းနဲ့အမှောင် ဒွန်တွဲနေသလို အထီးကျန်နေတဲ့ ပျော်ရွင်ကျေနပ်မှု အနည်းငယ် ရခဲ့တယ်။ အမျိုးအစားခွဲပြဖို့ခက်တဲ့ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ် အပြုံးတစ်ချက်က အပြင်ကို မောင်းထွက်သွားတယ်။ ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်ဖို့အဝေးကို…

သိုးထိန်း (အန္တိမ)


2 Responses to “အားလပ်ရက်မှာ တို့တွေဆုံချင်တယ်”


  1. February 24, 2011 at 4:37 PM

    မျှော်လင့်ချက်အားလုံးကို ပြက်ပြက်ထင်ထင်မေ့နေခဲ့တာ ကြာပါပြီ။ ဘဝဆိုတာ တွေဝေမှုတစ်ခုခုအပေါ် ကိုယ်စားပြုပြီးသားဖြစ်နေတတ်တဲ့ သူလိုကိုယ်လိုတွေထဲမှာ တစ်ယောက်တည်း အမှောင်ခြမ်း..အလင်းနဲ့အမှောင် ဒွန်တွဲနေသလို အထီးကျန်နေတဲ့ ပျော်ရွင်ကျေနပ်မှု အနည်းငယ် နဲ့…။

    တွေးနေမိတဲ့ အတွေးတွေနဲ့ တော်တော် ထပ်တူကျနေမိတယ်..။
    အိပ်မက်တွေထဲမှာတောင် မျှော်လင့်ချက်တွေက အိပ်မက်ဆိုး မက်နေမိသလိုမို့…။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: