12
Feb
11

ရွေးချယ်ခွင့်မှာ ပျော်တတ်ပြီလား

အစွမ်းအစမဲ့များ မမြင်ချင်မကြားချင်ဖြစ်သော်လည်း ဓါတုဗေဒ၊ မယ်လမင်းနှင့်ဆိုးဆေးများ ရှိလာပြီး အများဆုံးအသုံးပြုကြသည်မှာ ပြည်တွင်းဖြစ် ရူးချင်ယောင်ဆောင် ဖြစ်ရပ်များဖြစ်၍ ဤသို့ ခေါင်းငိုက်စိုက်ကာ ရွေ့လျားနေသည့် နွားအုပ်သာသာမီဒီယာအုပ်ကြီးထဲ တကယ့်ဘ၀ဆိုတာ ဘယ်လိုဖြစ်နေသလဲဆိုတော့ကာ သီလသော်လည်းကောင်း သမာဓိသော်လည်းကောင်းဟာ တော်တော်ဂွကျတဲ့ အဆာပြေစားစရာတစ်မျိုးမျိုးပဲဖြစ်မှာပါ။ ဒီပစ္စည်းဟာ စကားပြေအရေးအသား ဖြစ်ပေမယ့် ဒီစာကိုဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာ မဟုတ်ဘူး။ လူညွန့်တုံးစွာ ရောယောင်လိုက်ပါလာသူများ ရေခဲမှတ်အောက်တွင်ကြည့်ပါ။ ကဗျာတွေကို မဖတ်ခင်မှာ ကျွန်တော်သားစပ်ပြရမလား။ ခံစားမှုရုန်းကြွအနေအထားများ ၀င်တိုက်ခြင်းကိစ္စဟာ စာပေအနုပညာပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ချစ်ဇနီးအပေါ်သစ္စာရှိမှုနဲ့တာဝန်တွေက စကားပြေလား၊ ကဗျာလား။ စကားပြေလို့သတ်မှတ်ကြသူတွေရှိသလို ကဗျာလို့သတ်မှတ်သူတွေလည်း ရှိပါတယ်။ ဒီနှစ်ခုလုံးမဟုတ်ဘဲ သီးခြားအမျိုးအစားလို မိန်းမလှတွေရဲ့ရင်ခွင်ထဲမှာ ပြန်လည်လေ့လာအကဲဖြတ်ဖြစ်ပါတယ်။ နယ်နိမိတ်များကို လေ့လာခြင်းပါပဲ။ ရင်သားနဲ့ ရင်သီး အပြောင်းအလဲကို ရံဖန်ရံခါ လိုအပ်တယ်။ ကျွန်တော်ပြောနေတာ မဟုတ်ဘူးဆိုတာကိုတော့ ခင်ဗျားလက်ခံရမယ်နော်။ ဘာသာစကားအားဖြင့် တမင်တကာမှားယွင်းပြုလုပ်ချက်မှာ အစစ်အမှန်အခြေအနေရောက်အောင် ကြိုးစားအားထုတ်မှုတွေဟာ အသံမဲ့ငါးမျှားချိတ်တွေ ဖြစ်သွားကြတယ်။ ပွင့်ပြီးသားပန်းတွေ လက်လှမ်းမီသလောက် ကြည့်မိတဲ့အခါမှာ မြင်ကွင်းတွေမှာ မြူလိုလိုမျိုး သဘာဝဆိုတာလည်းမကျ၊ အဓိပ္ပာယ်ဆိုတာလည်းမရှိ ဒါဟာလိုအပ်သလားလို့ မေးလာရင် သိပ်တော့မလိုအပ်ပါဘူး။ ၀ံပုလွေများ၊ နှင်းခဲများ၊ ပန်းပင်များ အားလုံးယိမ်းထိုးနေပါတယ်။ ခံစားချက်တွေဟာလည်း ခေတ်နဲ့လိုက်ပြီး ဟုတ်တိုင်းမှန်စွာ အပူလောင်သွားတဲ့ အရသာနဲ့ လူများ၊ လမ်းများ၊ ရှုခင်းများ။ အခု ခေါင်းထဲမြည်နေတဲ့ အသံတွေက မြွေတွေကို မြေပေါ်ထွက်လာစေတယ်။ ခင်ဗျားရဲ့ ချုပ်ရိုးပြေ ထိတ်လန့်တုန်လှုပ်မှုတွေ နည်းနည်းယူမယ်နော်။ ချဉ်စော်နံနေမလား။ နားမလည်ဘူးလို့ သဘောပေါက်သွားတဲ့ အခိုက်မှာ စတင်နားလည်တော့တာပဲ။ ဘာသာစကား ဘယ်နှစ်ကန့်ပေးရမလဲ။ အတွေ့အကြုံ ဘယ်နှစ်ကန့်ပေးရမလဲ။ မပြီးဆုံးနိုင်တဲ့ သူတို့နှစ်ဦးဟာ ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ အနုပညာအန်ဖတ်မှာ ဘာသာစကားနဲ့ သင်္ကေတတွေရဲ့ဆုံမှတ်ဟာ မှန်းဆရခက်ပါတယ်။ စူးစမ်းစိတ်ဟာ ပလက်ဖောင်းပေါ်မှာ ဒီဈေးနဲ့ မလိုက်နိုင်ဘူး အော်သံဆိုတာထက် ကြည့်နေကျအကြည့်မျိုးကို ခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့ ဆောင်းတွင်းမှာတောင် ဘာမှခံဝတ်ထားပုံမရတဲ့အကျင့်ပဲ။ ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးဘူး။ တစ်စက်ပြီးတစ်စက်အရောင်ပြောင်းနေတဲ့ အလင်းလည်း ဖြစ်တယ်။ ကောင်းနိုးရာရာလေးတွေ ဖမ်းယူရရှိနိုင်ပါတယ်။

သိုးထိန်း (အန္တိမ)


0 Responses to “ရွေးချယ်ခွင့်မှာ ပျော်တတ်ပြီလား”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: