15
Feb
11

လာဆင်ရဲ့ ဒိန်ခဲ

တရွေ့ရွေ့သွားလူအုပ်ကြီးကဲ့သို့ ၀န်းရံလိုက်ပါလျက်ရှိခဲ့သော်လည်း အရေပြားကနားမလည်တော့ တောင့်တခြင်း နေ့စဉ်ရက်ဆက်တ၀က်လက်လွတ် ကောင်းကင်ပြာပြာသာယာရေချိုးခန်းထဲ စိတ်ဖြစ်ပေါင်းစပ်မိလေသည့်အခါ အဦးဆုံးလုပ်နေကျ အစာရေစာနှင့်မိတ်လိုက်ရခြင်းပြတ်လပ်သွား၍ မည်သူမဆိုဖြစ်ဖြစ် သာမန်အတိုင်း ဖြတ်သန်းလိုက်ပေါ့။ ငုတ်တုတ်ကြီးဖြစ်နေတာ ဘယ်မှာစာရင်းဖွင့်ထားလဲဆိုတာလည်း အရိုင်းဆန်တဲ့ ဖြစ်ရပ်တစ်ခုလို သိမ်မွေ့စွာ သဘောကျမိပါတယ်။ ခံစားမှုဆိုလို့ ဟိုဟိုဒီဒီ မြင်ရ တွေ့ရသမျှတွေ ရိုးသားကြိုးစားခြင်းပဲနားလည်ထားပြီး ဘယ်သူမှ မဖွင့်တဲ့တံခါးမှာ တစ်ဖက်က ၀ံပုလွေလာဆင်ရဲ့ ဘုရားသခင် တုံ့ပြန်သံလိုလို ကြားလိုက်သလား? ယခင် ရှိမှန်းမသိ၊ မရှိမှန်းမသိ ယခုဖုတ်လေသည့်ငပိ ရှိမထင် အနုပညာဖန်တီးနိုင်မှုစွမ်းရည်ကို ဒီနေ့လည်းဒီနေ့အလျောက် မနက်ဖြန်လည်းမနက်ဖြန်အလျောက် ဘာကျန်ခဲ့သလဲဆိုတာမျိုးစဉ်းစားရင်း ကုတ်ဖဲ့ရင်း ဆရာဝန်ပြဖို့လိုနေတယ်။ အပေါက်အဟသေးသေးကလေးကတစ်ဆင့် တဖြည်းဖြည်း ရင့်ရင့်လာ ရင်းရင်းလာ သွေးထွက်လာ ဒီလိုမှမဟုတ်သေးရင်တော့ တံဆိပ်ချင်းအတူတူ နယူးယောက်တိုင်းမ်ကတော့ ကောင်မလေး ရောက်သွားတဲ့နေရာဟာ ကောင်းကင်ဘုံရဲ့ အစပ်နားလို့ဆိုတယ်။ လော့အိန်ဂျလိစ်တိုင်းမ်ရဲ့ဝေဖန်မှုထဲမှာတော့ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံအကြားက အပြာရောင်မိုးကုတ်စက်ဝိုင်းတစ်နေရာလို့ ဆိုခဲ့ပါတယ်။ မဆန်းပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေကြောင့် အဲဒီလမ်းတွေသွားတာ ဒါပေမယ့် အဖြစ်ကတော့ မနှစ်ကနဲ့ မတူဘူး။ အထူးသဖြင့်တော့ ဘယ်နှစ်ချက်ချုပ်ရမလဲဆိုတာ ဘယ်လိုအကြောင်းချင်းရာဆိုတာကို ဆိုကြပါစို့ ဖြည့်စွက်လျှောက်ထားရမှာ အားနာတယ်၊ ရိုင်းသလိုလည်း ဖြစ်နေမယ်။ လွယ်မလိုနဲ့ နက်နဲခက်ခဲမှုတစ်ခုကို ဆွဲကိုင်လိုက်တာလည်းဖြစ်ပါတယ်။ သူ့အိုးနဲ့သူ့ဆန် မဟုတ်ရင် ဆယ်လမွန်ငါးလေးတွေကို နှစ်သက်ခဲ့တာမို့ နှုတ်ခမ်းပဲ့ချင်း ဆာလောင်မှုမျိုး။ ခန္ဓာကိုယ်ကလည်း မီးတွေစွဲလို့။ တ်ာသလောက် လှေနံနှစ်ဖက်နဲ့ တန်သလောက် မျောက်သစ်ကိုင်းလွတ်ခြင်းများ ဖြစ်ပွားခဲ့ရသလို သိတော့သိကြတယ်။ ဒါပေမယ့် အခုဟာက အဲဒီလက်တစ်ဖ၀ါးစာ အကျင့်စာရိတ္တကောင်းမွန်ကြောင်းက ဒီလိုညတွင်းချင်း မရဘူးတဲ့။ ဘယ်သူမှလည်း နားမလည်ကြပါလားတဲ့။ ၀လုံးလေးတွေဝိုင်းအောင်ရေးပြီး အရေးအသားတစ်ခုလို သတ္တိရှိရှိ ကုန်လွန်မှာဖြစ်တဲ့အတွက် ရှေ့မျက်နှာ ရှေ့မှာပဲထားပြီး အရေပြားယားယံမှုအနည်းငယ်နဲ့ အိမ်ယာထူထောင်လိုက်ဖို့ ပြီးခဲ့တာတွေနဲ့ အပေါင်းအသင်းမလုပ်တော့ပါ။

သိုးထိန်း (အန္တိမ)


0 Responses to “လာဆင်ရဲ့ ဒိန်ခဲ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: